Chapter 35

4.8K 480 1
                                    

နောက်ကျသွားလို့ ဆောတီးပါဗျာ GP အသစ်လေးတွေက ဒီနေ့ စတာမို့ အဲ့ဖက်‌ကို ရောက်သွားလို့

Chapter 35

ဟော်ဝူရွေးချယ်ပြီးနောက် မိုဆာ၏အလှည့်ရောက်လာခဲ့သည်။

သူကကဒ်တစ်ကဒ်ကို ဂရုမစိုက်ဘဲ ရွေးလိုက်ပြီး ကဒ်ကို‌မှောက်မချခင်  တစ်ချက်ကြည့်လိုက်သည်။

မိုဆာသည် ခံစားချက်များကိုမျက်နှာတွင်မပေါ်အောင်ဖုံးကွယ်သည့်နေရာမှာ ကျွမ်းကျင်သူဖြစ်သဖြင့် သူ့မှာကဒ်ကောင်းရှိတာလား ကဒ်ဆိုးရှိတာလား ခန့်မှန်းလို့မရနိုင်ပါ။

ဟော်ဝူသည်သူ့အားတိတ်တဆိတ်ကြည့်နေသည်ကိုသတိထားမိသဖြင့် မိုဆာကသူမအား မျက်လုံးမှိတ်ပြလိုက်သည်။

မိုဆာ၏ မက်မွန်သီးကဲ့သို့လှသောမျက်လုံးများသည် အလွန်တပ်မက်စရာကောင်းသည်။

ချောမောသောမျက်နှာနှင့် ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့်တစ်ချက်ကြည့်လိုက်ရုံနဲ့ လူတွေကို ဆွဲဆောင်နိုင်လောက်ပါသည်။

သို့သော်ဟော်ဝူသည်သူမကိုမျက်စိမှိတ်ပြတာမမြင်သလို ဟန်ဆောင်ခဲ့ပါသည်။

မိုဆာ၏မျက်နှာသည် ဘာကိုမှဖတ်မရတဲ့အတွက် သူ့ကိုလုံးဝမကြည့်တာပို၍ကောင်းပါသည်။

ပထမအကျော့ ကဒ်ရွေးချယ်မှု ပြီးဆုံးပြီးနောက် ယခု ကဒ်ရွေးချယ်မှုသည် ဒုတိယအကျော့ဖြစ်သည်။

ပထမအကျော့တွင် ကောက်ယူခဲ့သောကဒ်များသည် ၎င်းတို့ကို ကောက်ယူသူသာ ကြည့်နိုင်ပြီး

အခု ရွေးလိုက်သည့်ကဒ်လေးခုကို တော့လူတိုင်းမြင်အောင် ပြပေးရပါမည်။

ဟော်ဝူ ကျန်ရှိသော ကတ်များဆီသို့ သေသေချာချာ  လှည့်ပတ်ကြည့်သည်။ သူမ လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် သူမ၏ဒုတိယကဒ်ကို လေးနက်စွာရွေးချယ်ခဲ့သည်။

ဟော်ဝူသည် ဒုတိယအကျော့တွင်  ဂျေကဒ်ကို ရွေးချယ်ခဲ့သည်။

ဟော်ဝူနဲ့ ယှဉ်ရင် မိုဆာဟာ စိတ်အေးလက်အေး ဖြစ်ပုံပေါ်ပါသည်။ မိုဆာရွေးတဲ့ ဒုတိယကဒ် ကတော့ Q ကဒ်ပဲ ဖြစ်ပါသည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now