Chapter 146-150

4K 371 8
                                    

အခန်း ၁၄၅

ကာရာအိုကေက အပျော်နေရာ ဖြစ်တာကြောင့် ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း ယောကျာ်းလေးနဲ့မိန်းကလေး ကိစ္စတွေရှိတတ်သည်။

ရိုင်ရယ် ကာရာအိုကေကတော့ ထိပ်တန်းကာရာအိုကေမလို့ တခြားကာရာအိုကေတွေနဲ့ ယှဉ်ရင် အဲ့လိုကိစ္စနည်းသည်။

ဒီလို တိုက်တိုက်ဆိုင်ဆိုင်ကြုံရမယ်လို့ ဟော်ဝူတစ်ခါမှ မတွေးဖူးဘူး။

အဲ့နေရာက်ို လူတွေ သိပ်မလာကြဘူး။

အဲ့တာကြောင့် အတွဲတွေအတွက် အနှောင့်အယှက်မရှိဘူး။

နဂိုတုန်းက ဟော်ယွီစန် ဒီလိုမျိုးကြုံဖူးပေမယ့် တစ်ခါနဲ့တစ်ခါမတူဘူး။

အဲ့ဒီအခါတွေတုန်းက သူ့လက်ထောက် တချို့ရယ်နဲ့သူပဲရှိတာ။ အဲ့လိုမျိုးကြုံလာရင် လက်ထောက်က အသံကျယ်ကျယ်ဟန့်လိုက်ပြီး အတွဲတွေကို လှန့်လိုက်သည်။ အဲ့လိုလုပ်လိုက်ရင် အတွဲတွေက ပေါ်တင်ပဲထွက်သွားကြ၏။ ဒါပေမယ့် အဲ့လိုမျိုးကြုံရရင် သူ မကြိုက်ဘူး။

အခုတစ်ခေါက်တော့ မတူဘူး။ ဘေးမှာ ဆွဲဆောင်မှုရှိပြီး ချွဲတတ်တဲ့ ကောင်မလေးက ရှိနေသည်။

အီစီကလီအသံတွေက ဘယ်ကလဲဆိုပြီး ဟော်ဝူလိုက်ကြည့်ရင်း နှုတ်ခမ်းကိုက်ထား၏။

ယောကျာ်းတွေရဲ့ အားနည်းချက်ဖြစ်တဲ့ ဖြူစင်တဲ့ပုံစံလေးမြင်ရသည်။

အဲ့ချိန်မှာပဲ အတွဲကပိုကြမ်းလာပြီး တခြားခန်းကသူတွေကြားရလောက်အောင် အသံပိုကျယ်လာ၏။

“ဘေဘီ၊ သတိရနေတာ”

“အော၊ ကိုကိုလူဆိုး.ဖြည်းဖြည်းနော်”

အချိန်ကြာလာတာနဲ့အမျှ အဲ့အတွဲရဲ့စကားတွေက ပိုပိုကြမ်းလာပြီး ပွဲကြမ်းလာ၏။

ဟော်ဝူကို ဒီကနေ အမြန်ဆုံးခေါ်သွားရမယ်လို့ ဟော်ယွီစန်တွေးသည်။ သူခေါ်သွားတဲ့အချိန် ဟော်ဝူထအော်မှာကို စိုးရိမ်နေတာ။ ဟော်ဝူက မူးရင် နဂိုလို တိတ်တိတ်ဆိတ်ဆိတ် မနေဘူး။ အသံကျယ်သည်။

အဲ့အတွဲကလည်း ချက်ချင်း ကိစ္စလုပ်တော့မလိုပဲ ဆိုတော့ ဟော်ယွီစန် ဆက်နားမထောင်နိုင်တော့ဘူး။ အဲ့ကနေ ဟော်ဝူလက်ကိုဆွဲပြီး ခေါ်သွားတော့မလို အလုပ် ဟော်ဝူက သူ့အင်္ကျီလက်ကို ပြန်ဆွဲသည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now