Chapter 156-160

4K 353 4
                                    

အခန်း ၁၅၆

ကြောင်ပွတ်ပေးတဲ့ မတော်တဆမှုဖြစ်ပြီး ဟော်ဝူကြောင်ကို ပွတ်ပေးဖို့ရော ခွေးကျောင်းဖို့ရော အချိန်မရတော့ဘူး။

“နာကျင်မှု”ဇာတ်ကားကို စီစဉ်ထားတဲ့အတိုင်း နွေရာသီ လွန်ခဲ့တဲ့နှစ်ရက်က စထုတ်လွှင့်ခဲ့သည်။ ထုတ်လွှင့်ပြီးထဲက ရီဗျူးတွေ အများကြီးရ၏။

အရန်မင်းသားနဲ့မင်းသမီးရဲ့ရုပ်ရည်ကို စိတ်ဝင်စားခံရရုံတင်မကဘဲ အထက်တန်းကျောင်းမှာ တွေ့ရတတ်တဲ့ ရူးမိုက်တဲ့အချစ်အကြောင်းကို ရိုက်ထားတာမလို့ လူတွေစိတ်ဝင်စားကြသည်။

ယောကျာ်းနဲ့မိန်းမကြားက တိတ်တခိုးအချစ်နဲ့ တစ်ယောက်ကိုတစ်ယောက် ဆွဲဆောင်ရင်း ဂရုတစိုက်လှုပ်ရှားမှုတွေက ပရိတ်သတ်တွေရဲ့ အရင်ကျောင်းသားဘဝက ဇာတ်လမ်းကို ပြန်ကြည့်နေရသလို ခံစားရမှာ။ အဲ့တုန်းကခံစားရတဲ့ ရင်ခုန်သံမျိုး ပြန်ခံစားရနိုင်မည်။

ရုပ်ရှင်ကြည့်ပြီး တစ်ယောက်ကweiboမှာ တင်ခဲ့သည်။ “နာကျင်မှု၊ ငါ့ကိုနောက်တစ်ကြိမ်လောက် နာကျင်ခွင့်ပေးပါ”

အဲ့လူအတိုင်း အတွေးတူရှိနေတဲ့သူတွေ ရှိသေးသည်။

“နာကျင်မှု”ကားက “ဒိုးဘန်း”မှာ အမှတ်၉မှတ်တောင်ရသည်။ ပထမနှစ်ရက်မှာတင် ကြည့်ရှုသူသန်း၉၀နဲ့ ထပ်ထပ်လည်း တရစပ်တိုးနေ၏။ အခုချိန်မှာ ရုပ်ရှင်တိုင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေသည်။

“နာကျင်မှု”ကားက ပေါက်သွားပြီး ဇာတ်ဆောင်မင်းသားနဲ့မင်းသမီးလည်း တော်တော်ပေါက်သွားသည်။ ဇာတ်ပို့တွေလည်း နာမည်ရလာ၏။

လွန်ခဲ့တဲ့နှစ်ရက်အတွင်း ဖော်လိုဝါ သိန်းချီတက်လာသည်။ ပရိသတ် အရေအတွက်လည်း ၂သိန်းပြည့်ခါနီးပြီ။

weiboမှာ သူမရဲ့ပိုစ့်အောက် ကွန်းမန့်တွေ သောင်းချီရှိလာ၏။

(အသည်းလေး : အ..အ..ကျောင်းက အလှဆုံးနဲ့ အနိုင်ကျင့်တဲ့ကောင်လေး ညားသွားလား။ အရန်နှစ်ယောက်က ဒီတိုင်းကြီးပြီးသွားတော့ ငါမစဉ်းစားတတ်တော့ဘူး)

(ချစ်စရာအရူးမလေး : ငါလည်း အဲ့လိုပဲတွေးတယ်။ဇာတ်ညွှန်းဆရာမက ပရိတ်သတ်တွေကို နည်းနည်းမသေချာမရေရာတဲ့ ခံစားချက်မျိုး ချန်ထားမှာပဲ။ကျောင်းက အလှဆုံးကောင်မလေးနဲ့ အနိုင်ကျင့်တဲ့ကောင်လေးရဲ့ အဆုံးကို ရှင်းရှင်းလင်းလင်း မပြထားဘူး။ ငါတို့အဲ့တာကိုဝမ်းနည်းနေတုန်းပဲ)

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now