Chapter 84

3.8K 410 1
                                    

Chapter 84

ဟော်ယွီစန်သည် များသောအားဖြင့် သူ့ပတ်ဝန်းကျင်ကမ္ဘာကို ဂရုမစိုက်သော ဘုရားသခင်ကဲ့သို့ပြုမူလေ့ရှိသည်။ သူသည် အမြဲတမ်း တည်ငြိမ်နေပြီး မည်သည့်အရာကမှ သူ့ကို စိတ်ဓာတ်ကျအောင် ဒေါသထွက်အောင်မလုပ်နိုင်ခဲ့ပါ။ အရာအားလုံးကို သူ့လက်ထဲတွင်ဆုပ်ကိုင်နိုင်စွမ်းရှိသည်။ သို့သော် ဒီအချိန်မှာတော့သူ၏ဒေါသတွေ ပွက်ပွက်ဆူလာပြီး သူ့ရင်ထဲမှာစက္ကန့်ပိုင်းအတွင်းမီးတောင်မှပေါက်ကွဲတော့မည့် ချော်ရည်များကဲ့သို့ဖြစ်နေသည်။

သူ့အသံက ရေခဲများကဲ့သို့ အေးစက်နေပြီး လူတစ်ယောက်ကို သေစေနိုင်အောင်ချွန်ထက်နေသည်။
“ပြီးတော့ရော ဘာဆက်ဖြစ်လဲ”

ဟော်ဝူသည်  သူ့ကိုချောင်းကြည့်ကာ သူ၏မေးခွန်းကို အသံတိုးတိုးလေးဖြေလိုက်သည်။
“အစ်ကို၊ ရေတစ်ခွက်ကို ယူလိုက်ပြီး သူရဲ့ခေါင်းကို ရိုက်ခွဲလိုက်တယ်”

သူမ၏မျက်တောင်များကြားနှင့် မျက်လုံးထောင့်တွင် မျက်ရည်များထွက်လာခဲ့ပြီး ငိုလွန်းသောကြောင့် မျက်လုံးများလည်းယောင်နေခဲ့သည်။ သို့သော် ထိုစကားကိုပြောသောအခါတွင် သူမ၏ လေသံမှာ အနည်းငယ်ကလေးဆန်နေသည်။ သူမသည် ကိစ္စကြီးကြီးမားမားတစ်ခုကိုလုပ်ခဲ့ပြီး အကိုကြီး၏ချီးကျူးခြင်းကိုခံရလိုသော ငယ်ရွယ်သော ကလေးတစ်ယောက်ဟုထင်ရသည်။

သူမသည် ချစ်စရာကောင်းသည်၊ သိမ်သိမ်မွေ့မွေ့နှင့် ဆွဲဆောင်မှုရှိသည်။

ဟော်ယွီစန်သည် ဟော်ဝူ၏မျက်လုံးများတောက်ပနေပုံကို မြင်လိုက်ရသောအခါတွင် သူ့နှလုံးသားမှ ဒေါသများ အနည်းငယ်ပြေလျော့သွားသည်။ သူမကို ညင်သာစွာချီးမွမ်းသည်။
“ အားဝူက တော်လိုက်တာ။ မင်းကောင်းကောင်းလုပ်ခဲ့တာပဲ”

ဟော်ဝူသည် ဟော်ယွီစန်၏ရင်ဘတ်နှင့်သူမမျက်နှာအား ပျော်ရွှင်စွာပွတ်သပ်ပြီး ပွတ်သပ်လိုက်သည်။

ဟော်ယွှီစန်သည် လူဆိုးသုံးကောင်နှင့် အဖြစ်အပျက်ကို စုံစမ်းနေသော်လည်း သူတို့နှင့် မနီးမဝေးတွင် ရပ်နေသောမိုဆာပေါ်သို့ သူ့အကြည့်က ရောက်သွားကာ
“ဘာလို့ ငါ့ညီမနဲ့ ဒီကိုရောက်နေတာလဲ”

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now