Chapter 40

4.7K 455 2
                                    

Chapter 40

ယွီချင်းချင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး
“ငါခန့်မှန်းရသလောက်ဆို နင်ဘာစာမှပြန်ကြည့်စရာမလိုဘူး။ အဲ့တာကြောင့်အရမ်းမလန့်ပါနဲ့။ ရပြီးသားမေးခွန်း၁၆ပုဒ်ထဲကပဲ မေးမယ်လို့ငါသတင်းရထားတယ်။ စာမေးပွဲအောင်ဖို့မခက်ပါဘူးဟဲ့။ ငါတို့မေးခွန်းတွေကို အလွတ်ကျက်ပြီးဖြေရုံပဲ။ အနည်းဆုံးတော့အောင်မှတ်ရတယ်”

ဟော်ဝူရဲ့မျက်လုံးများ ချက်ချင်းတောက်ပလာခဲ့ပြီး “ တကယ်လား”

“ဒါပေါ့ တကယ်ပေါ့ဟ။ တော်ပြီ နင်နဲ့စကားမပြောတော့ဘူး။ ငါမေးခွန်းတွေသွားကျက်လိုက်အုံးမယ်”

ဟော်ဝူကလှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်နေသည်။”ကျေးဇူးပါ ချင်းချင်းရယ်”
ဒီအချိန်မှာ ဟော်ဝူ၏အကြီးမားဆုံးပြသနာကို ယွီချင်းချင်းက ကူညီဖြေရှင်းပေးသွားခဲ့သည်။

“ငါ့ကို ကျေးဇူးတင်နေစရာမလိုဘူး။ ဒါကို အပြန်အလှန်ကူညီမှုလို့ခေါ်တယ်။ နင့်မှာလည်း
အရေးကြီးတဲ့ သတင်းတွေရှိရင် ပြောပြဖို့မမေ့နဲ့နော်”

“အင်း သေချာပေါက်ပြောပြမယ်နော်”

ဟော်ဝူသည်ဖုန်းချပြီးနောက်တွင် ကျောင်းလွယ်အိတ်ကိုဖွင့်ကာ ဖိုင်တွဲတစ်ခုကို ဆွဲထုတ်လိုက်သည်။
ကံကောင်းထောက်မစွာ၊ သူမ၏ စာမေးပွဲစာရွက်များအားလုံးကို မတူညီသော ဖိုင်တွဲများအဖြစ် ပိုင်းခြားပြီး ဖိုင်တွဲတစ်ခုစီတွင် သပ်ရပ်စွာညှပ်ထည့်ထားသည်။ အရင်က သူမလုပ်ဖူးသောကြောင့် စာတွေပြန်လုပ်ဖို့သူမအတွက် မခက်ခဲပါဘူး။

ဟော်ဝူအတွက်တော့  ဒီညအိပ်ဖို့အစီအစဉ်မရှိတော့ပါ။ သူမက စားပွဲပေါ်တွင်ထိုင်ကာ စာရွက်များကို သူမရှေ့တွင်ချလိုက်သည်။

သူမ မိုးလင်းပေါက်ခဲ့သည်ရှိသော် သင်္ချာစာရွက်များကို အလွတ်ရနေအောင်ကျက်မှတ်ရမည်။

ဟောင်းဝူလည်း မေးခွန်းတစ်ခုစီကို ပြန်တွက်မည်ဟု စီစဉ်ခဲ့သည်။ ဤနည်းလမ်းသည် မေးခွန်းများကို ဖြေနိုင်ရန်အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now