Chapter 99

3.5K 372 5
                                    

Chapter 99

ကတဲ့အချိန် ဟော်ဝူကတီရှပ်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတော့ သူမရဲ့သွယ်လျတဲ့လက်မောင်းရယ် ခြေတံရှည်ရှည်တွေကပေါ်နေတယ်။ကပြီးတာနဲ့ လက်ထောက်က သူမကို အနွေးထည်ဝတ်ပေးလိုက်တယ်။

အနွေးထည်ဝတ်ထားတာတောင် ဟော်ဝူတုန်နေတုန်းပဲ။ဆောင်းတွင်းဆိုတော့ လေတိုက်ရင် အသားတွေကို ဓားနဲ့လှီးနေသလိုပဲ။ဝတ်ထားတာလည်း တိုတိုလေး။ပြီးတော့ ချမ်းနေတဲ့ပုံလည်းမဖြစ်ရဘူး။ဒါပေမယ့် နောက်ဆုံးရလဒ်ကောင်းသွားလို့တော်သေးတယ်။သူမ sexyကျကျနဲ့ ကျွမ်းကျွမ်းကျင်ကျင်ကတော့ ဘေးကအကသမားတွေတောင် သူမကိုယ်ရောင်နဲ့ ပျောက်သွားသလိုပဲ။အရန်မင်းသားကလည်း သူ့ကိုပြောတဲ့အတိုင်း ကောင်းကောင်းသရုပ်ဆောင်တယ်။

စည်းကမ်းကြပ်တယ်ဆိုတဲ့ပေါ်ယိနင်တောင် သူတို့ကို ချီးကျူးတယ်။

၂ပတ် မြန်မြန်ကုန်သွားခဲ့တယ်။

မနက်ဖြန် တရုတ်နှစ်ကူး။ဟော်ဝူရဲ့နောက်ဆုံးအခန်းရိုက်ပြီးရင် သူမအိမ်ပြန်လို့ရပြီ။

ဆူဇန်ရယ် လက်ထောက်ရယ်နဲ့ သွားတော့မယ်ဟန်ပြင်နေတဲ့ ဟော်ဝူကိုပေါ်ယိနင်ကလှမ်းခေါ်တယ်။

“တရားဝင်အကောင့်ကနေ ဒီညပရိုမိုးရှင်းပုံတင်မယ်။ရှယ်ဖို့မမေ့နဲ့အုံး”

“နားလည်ပါပြီ ဒါရိုက်တာကြီး”ဟော်ဝူပြောပြီးသူမခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အော်ပြောလိုက်တယ်”ပျော်ရွှင်စရာ တရုတ်နှစ်ကူးပါ ဒါရိုက်တာပေါ်”

ပေါ်ယိနင်က မလှည့်ဘဲ လက်ပဲယမ်းပြတယ်။“ပျော်ရွှင်စရာနှစ်ကူးပါ”

အခုမှ ဟော်ဝူအိမ်တကယ်ပြန်ချင်သွားတော့တယ်။လဝက်က သိပ်မကြာပေမယ့် သိပ်တော့လည်းမတိုလှဘူး။လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ဟော်ယွီစန်ဆီကဖုန်းတွေလာပေမယ့် အချင်းချင်းတစ်ယောက်ကို တစ်ယောက်တွေ့နေတာနဲ့တော့ ဘယ်ယှဉ်လို့ရမလဲ။

တော်သေးတာက “နာကျင်မှု”ဆိုတဲ့ရုပ်ရှင်အပြီး နှစ်ဝက်အတွင်း သူမရုပ်ရှင်ထပ်မရိုက်ဘူး။ကျန်တဲ့ကျောင်းစာသင်နှစ်မှာ သူမစာကြိုးစားပြီး ၁၀တန်းဖြေရမယ်။အဲ့တာပြီးတာနဲ့ တရားဝင် သရုပ်ဆောင်လောကထဲဝင်မယ်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now