Chapter 95

3.5K 342 1
                                    

အခန်း ၉၅

အဲ့ည ပစ္စည်းတွေသိမ်းပြီး ဟော်ဝူစောစော ရေချိုးပြီး အိပ်ရာပေါ်ကို လှဲချခဲ့၏။

သူမဇာတ်ညွှန်းကို ကျက်ပြီး ဟော်ယွီစန် ပြန်လာမှာကို စောင့်ရင်း Weiboခဏသုံးသည်။ ည၁၁နာရီကျော်တာတောင် ဟော်ယွီစန်က ပြန်မလာတော့ ဟော်ဝူအရင်အိပ်သွား၏။

ဟော်ဝူအိပ်ပျော်နေတုန်း သူမခုတင်ခြေရင်းမှာ အလေးချိန်တစ်ခုခံစားရသည်။ အဲ့မည်းမည်းပုံစံကနေ အရက်နံ့ကထောင်းကနဲပဲ။ သူမရင်တုန်သွားပြီး ကြောက်ပြီးထလိုက်၏။

မီးတွေက ဖွင့်မထားဘူး။ အခန်းထဲက အလင်းရောင်က ပြတင်းပေါက်ကနေပဲ ဝင်နေသည်။

ဒါပေမယ့် ဟော်ဝူအတွက် ရှင်းရှင်းလင်းလင်းမြင်ရလောက်အောင် မလင်းဘူး။ 

အခန်းကတိတ်နေပြီး အဲ့လူရဲ့ညင်သာတဲ့ အသက်ရှုသံ ကြားနေရသည်။

ကုတင်ခြေရင်းမှာ လှဲနေတဲ့သူက လုံးဝမလှုပ်ဘူး။အိပ်ပျော်နေတဲ့ပုံပဲ။ ဟော်ဝူ နှုတ်ခမ်းကိုစေ့ပြီး မသေမချာမေးလိုက်သည်။ “ကိုကိုလား”

ဒါပေမယ့် ဘာမှပြန်စာမရခဲ့ဘူး။

ဟော်ဝူမြန်မြန်ထပြီး ခုံပေါ်ကမီးကိုဖွင့်လိုက်၏။

နွေးထွေးတဲ့ လိမ္မော်ရောင် မီးရောင်က အခန်းထဲမှာလင်းနေ၏။ မီးလင်းသွားတော့ သူမအိပ်ရာပေါ်မှာ လှဲနေတဲ့လူကို သူမရှင်းရှင်းလင်းလင်း မြင်ရသည်။

ဟော်ယွီစန်ပဲ။ သူကလွဲလို့ ဘယ်သူမှ အိမ်ထဲဝင်လို့မရဘူး။

ဟော်ဝူ အိပ်ရာပေါ်က ဆင်းလိုက်ပြီး ဖိနပ်စီးကာဟော်ယွီစန်ရဲ့ဘေးကို လျှောက်သွားသည်။ အရက်နံ့က စူးနေတာပဲ။ ဝိုင်တွေအများကြီး သောက်လာပုံပဲ။

အဲ့အချိန်မှာပဲ ဟော်ဝူဖုန်းမြည်လာ၏။ မြန်မြန် ကောက်ကိုင်လိုက်သည်။

“ဟလို၊ သခင်မလေးလား”

ဟော်ဝူကအသံနဲ့ ပြန်ဖြေလိုက်၏။

“အခြေအနေကဒီလိုပါ။ သခင်လေးဟော်က တွေ့ဆုံပွဲမှာ ဝိုင်တွေအများကြီး သောက်လိုက်တယ်။ ရှောင်းဝမ်နဲ့ကျွန်တော်က သူ့ကိုကူညီဖို့ကို သူကငြင်းလို့။ သူ့ကိုစိတ်ပူလို့။ သခင်မလေး အဆင်ပြေရင် သခင်လေးဟော်ကို ဂရုစိုက်ပေးလို့ရမလား”

ဟော်ဝူဖုန်းစပီကာကို လက်နဲ့အုပ်လိုက်ပြီး အိပ်ရာပေါ်မှာ အိပ်မောကျနေတဲ့ ဟော်ယွီစန်ဘက် လှည့်ကြည့်လိုက်သည်။ သူမသဘောတူလိုက်ပြီး “စိတ်မပူပါနဲ့။ ကိုကို့ကို ဂရုစိုက်ပါ့မယ်”

“တော်သေးတယ်။ ကျေးဇူးပါ သခင်မလေးဟော်။ဖုန်းချလိုက်တော့မယ်နော်။”

“အ..ဟာ.”

ဖုန်းချပြီးနောက် ဟော်ဝူ ရေချိုးခန်းထဲသွားပြီး သဘက်ကို ရေနွေးစွတ်လိုက်၏။ ပြီးတော့ ရေညှစ်ချလိုက်ပြီး ဟော်ယွီစန်ကို မျက်နှာသုတ်ပေးဖို့ အခန်းထဲသွားလိုက်၏။

သူမူးပြီးတိတ်နေသည်။ သူတိတ်တိတ်လေး လှဲနေ၏။ သူမသိဘဲ သူမသူ့မျက်နှာကို ကြိုက်တာလုပ်လို့ရသည်။

ဟော်ယွီစန် မျက်နှာကို သစ်ပေးတုန်း သူ့မျက်နှာကိုအနီးကပ်ကြည့်လိုက်သည်။

အနီးကပ်ကြည့်တော့မှ သူ့မျက်နှာရဲ့အစိတ်အပိုင်းတိုင်းက တကယ်ပြီးပြည့်စုံ၏။ မျက်လုံးတွေ ပိတ်နေတဲ့အခါ ပြင်းပြတဲ့အကြည့်တွေကို မမြင်ရဘဲ တိတ်ဆိတ်လနူးညံ့ပုံပေါ်စေသည်။ မျက်တောင်တွေကရှည်လျားပြီး ထင်ရှားတဲ့ မျက်ခုံး၊မျက်လုံးတွေရှိ၏။ အိပ်နေတာတောင် ချောမောလှပနေသည်။

ဟော်ဝူ သူ့မျက်နှာကို သစ်ပေးပြီးတော့ ရေနွေးနဲ့လက်ကိုပါ သုတ်ပေး၏။

သပ်သပ်ရပ်ရပ်နေတတ်တဲ့ သူမှန်းသိတော့ သူ့လက်ကို နှစ်ခါဆေးပေးလိုက်သည်။

အဲ့တာတွေလုပ်ပြီးတော့ သူ့အင်္ကျီကို ဘယ်လိုလုပ်ပေးရမှန်းမသိ ဖြစ်နေခဲ့သည်။

သူက ဝတ်စုံပြည့်ဝတ်ထားတာ။ နက်ကတိုင်နဲ့။ သူ့ကို ညအိပ်ဝတ်စုံလဲပေးဖို့က သူမအတွက် အဆင်မပြေဘူး။

ဟော်ဝူ နည်းနည်းစိတ်ပူ၏။ ဒါပေမယ့် ဒီညဒါကိုလုပ်ရမယ်လို့ တွေးလိုက်ရင်တော့ သူမလုပ်နိုင်သည်။သူမအဲ့တာကိုတွေးပြီး သူ့ရဲ့နက်ကတိုင်၊ အပေါ်ကုတ်နဲ့ရှုးဖိနပ်ကို ချွတ်ပေးလိုက်၏။ ရှပ်အင်္ကျီနဲ့ဘောင်းဘီနဲ့ပဲ သူကိုအိပ်စေခဲ့သည်။

အကုန်လုပ်ပြီးသွားတော့ ဟော်ဝူနည်းနည်းမောသွား၏။

ဟော်ယွီစန်ကမပေါ့ဘူး။ အဲ့တာကြောင့် သူ့အပေါ်ကုတ်ကိုချွတ်တဲ့အခါ သူမ အားသုံးပြီးချွတ်ရသည်။

ဟော်ယွီစန်ရဲ့ရှပ်အင်္ကျီက အကုန် အပြည့်ကြယ်သီးတပ်ထားတာ။ ဒီအတိုင်း သူအိပ်ရင် သက်တောင့်သက်သာဖြစ်မှာ မဟုတ်ဘူး။ အဲ့တာကြောင့် အပေါ်ကြယ်သီးနှစ်ခုကို ဖြုတ်ပေးလိုက်သည်။

ကြယ်သီးတွေဖြုတ်လိုက်တော့ သူ့ရဲ့ညှပ်ရိုးကပေါ်နေခဲ့၏။ သူ့ရဲ့အဖြူရောင်ရှပ်အင်္ကျီက ပါးပါးလေး။ ဖျင်သားက ခန္ဓာကိုယ်နဲ့ကပ်နေတော့ သူ့ရဲ့ရင်ဘတ် ကြွက်သားတွေက မြင်နေရသည်။

အင်္ကျီဝတ်ထားရင် ပိန်တယ်ထင်ရပေမယ့် အင်္ကျီချွတ်လိုက်ရင် ပိုပြီးတောင့်တယ်ထင်ရတာက စိတ်ဝင်စားစရာပဲ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now