Chapter 47
မိုဆာက အနည်းငယ်ငုံ့ကာ ဟော်ဝူကို ပြုံးပြုံးလေး ကြည့်ရင်း သူမ ပြန်ဖြေတာကိုစောင့်နေပုံရသည်။
ဟော်ဝူကသူ့အမေးကို မဖြေဘဲ သူမအမူအရာကအေးစက်နေခဲ့သည်။
“ ဒါကရယ်ရလား”မိုဆာလည်း သူမမေးတာကိုနားမလည်ပဲ သူမကိုကြည့်ကာ “ဟင်?”
ဟော်ဝူက သူ၏အညိုဖျော့ဖျော့မျက်လုံးများကို စိုက်ကြည့်ကာ
“အမြန်နှုန်းကန့်သတ်ထားတဲ့ လမ်းပေါ်မှာ ပြိုင်မောင်းရတာ ပျော်စရာကောင်းနေလား” ဟု စိတ်ရှည်စွာ မေးလိုက်သည်။သူတို့သည် အသက် ၂၅ နှစ်ရှိနေပြီဖြစ်သော်လည်း အရှိန်ကန့်သတ်ထားသော လမ်းပေါ်တွင် ပြိုင်ကားဖြင့် အသက် ၁၈ နှစ်အရွယ်များကဲ့သို့ ပြုမူနေကြသည်။ ဘယ်လောက် ကလေးဆန်လိုက်သလဲ။
ဟော်၀ူသည် အသက် 17 နှစ်သာရှိသေးပြီး သူမ၏မျက်နှာသည် နုပျိုနေသေးသော်လည်း သူမစကားပြောသည့်အခါ အလွန်လေးနက်နေပုံရသည်။ သူမ၏ပြတ်သားသော မျက်လုံးများက သူတို့ကို စူးစူးဝါးဝါးစိုက်ကြည့်နေပြီး ဥပဒေကိုဖောက်ဖျက်သည်ဟုပြောလိုက်သည်။
မိုဆာသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ မတော်တဆမှုဖြစ်ရခြင်းမှာ သူ့အပြစ်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိသော်လည်း ဟော်ဝူ၏ ရှင်းလင်းပြတ်သားသောအကြည့်အောက်တွင် သူသည် သူ့ဘဝတွင်ပထမဆုံးအကြိမ် “တောင်းပန်ပါတယ်” ဟု ပြောခဲ့သည်။
ထို့နောက်မိုဆာက “မင်းဒဏ်ရာရသေးလား” လို့ မေးလိုက်သည်။
ဟော်ဝူသည် ပြန်မဖြေဘဲ ထိုင်ခုံခါးပတ်ကိုချွတ်ပြီးဖုန်းကိုယူကာ ကားထဲမှဆင်းခဲ့သည်။
ကား၏ဘယ်ဘက်ခြမ်းမှာ ဆိုးဆိုးရွားရွားပျက်စီးနေသောကြောင့် ကားတံခါးဖွင့်ရန် ခက်ခဲနေပါသည်။ မိုဆာ၏အကူအညီကြောင့် ဟော်ဝူသည် တံခါးကိုဖွင့်နိုင်ခဲ့သည်။
ပုံပျက်နေသော ကားကိုမြင်သောအခါ မိုဆာက မျက်မှောင်ကြုတ်လိုက်ပြီးနောက် အကြံပေးသည်။
“ဆေးရုံမှာစစ်ဆေးဖို့ခေါ်သွားပေးရမလား”