Chapter 231-235 (Complete ✅💯)

6.1K 406 17
                                    

အခန်း ၂၃၁

အခက်အခဲတွေရှိပေမယ့် ဘဝမှာ သာလွန်တဲ့မေတ္တာတွေလည်း ရှိပါသည်။

စိတ်သဘောကောင်းတဲ့သူတွေက သူမအိပ်မက်တွေကို အကောင်အထည်ဖော်တာမှာ အကူအညီပေးခဲ့သည်။

အခက်အခဲမျိုးစုံ ကြုံပြီးနောက် ချီယွမ်မုန့်က လောကရဲ့အမြင့်ဆုံးစင်မြင့်ထက်ကို တက်လှမ်းနိုင်ခဲ့သည်။

အဆုံးမှာတော့ ဘဲရုပ်ဆိုးကနေ ငန်းဖြူလေးအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပြီး အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

ဖတ်ပြီးတဲ့အခါ ဒီဇာတ်ညွှန်းက ဝမ်းသာဝမ်းနည်းစရာ ဇာတ်ညွှန်းတစ်ခုလို့ ဟော်ဝူမြင်သည်။

ခါးသီးမှုတွေနဲ့အတူ ချိုမြိန်မှုတွေလည်း ရှိသည်။အမှောင်လည်းရှိသလို အလင်းလည်း ရှိသည်။

အဆုံးမှာ အရာရာဟာ နေရာတကျဖြစ်ပြီး ချီယွမ်မုန့်ရဲ့အနာဂတ်ဟာလည်း တောက်ပသွားသည်။

သူမရဲ့ကြိုးစားအားထုတ်မှုတွေက နောက်ဆုံးတော့ ရုပ်လုံးပေါ်လာပြီ။

အောင်မြင်မှု နောက်ကွယ်မှာ သူမကို ထောက်ပံ့ပေးခဲ့တဲ့ လူတွေရဲ့အကူအညီ ပါပါသည်။

ဇာတ်ညွှန်းဖတ်ပြီးတော့ ဟော်ဝူလက်တွေ တုန်နေခဲ့သည်။

ဒီရုပ်ရှင်ကို ဟောင်ကောင်ဒါရိုက်တာ လင်းယွီအွာ ရိုက်မယ်ဆိုတာ ခုမှသိသည်။

လင်းယွီအွာဆိုတာ တရုတ်ပြည်ရဲ့ အကောင်းဆုံးဒါရိုက်တာ အော်စကာဆုကိုရထားပြီး နှစ်ကြိမ် ဇကာတင်စာရင်းဝင်တဲ့သူ တစ်ယောက်ပဲ။

လွန်ခဲ့တဲ့၅နှစ်, သူ၇၅ကြိမ်မြောက်ဆုပေးပွဲမှာ ဒါရိုက်တာဆုရပြီး သူအနားယူတော့မယ်လို့ ဆုံးဖြတ်ခဲ့သည်။ ၅နှစ်အတွင်း ဘယ်ကားကိုမှမရိုက်ခဲ့ဘူး။ သူ့ကိုရုပ်ရှင်ပြန်ရိုက်ဖို့ လူတွေက ဖိတ်ခေါ်ခဲ့ပေမယ့် အကုန်ငြင်းခဲ့သည်။

ဒါပေမယ့် ၅နှစ်အကြာ အခုအချိန်မှာ တစ်ဖန်ပြန်ပေါ်လာပြီ။

မေးစရာတောင် မလိုဘူး။ ဒါအကုန်လုံးက ဟော်ယွီစန်ကြောင့်ပဲ။

ကမ္ဘာကျော်ဒါရိုက်တာကို ဖိတ်ခေါ်ခဲ့တာ ဟော်ယွီစန်ပဲ။

သူမ ရခဲ့ဖူးတဲ့ နှစ်သစ်လက်ဆောင်ထဲမှာ တန်ဖိုးအရှိဆုံး လက်ဆောင်ပဲ။

သူမအတွက်ဖြစ်ဖြစ် ဟော်ယွီစန်အတွက်ဖြစ်ဖြစ် ဒီကားမှာ အစွမ်းကုန်ကြိုးစားမည်။

တစ်လကြာတော့ ဟော်ဝူနဲ့ ဒါရိုက်တာ လင်းယွီအွာတို့ ပထမဆုံးဆွေးနွေးကြသည်။

ဟော်ဝူ သရုပ်ဆောင်လောကထဲ ဝင်တော့ ဒီနာမည်ကြီးဒါရိုက်တာက လူတွေရဲ့မြင်ကွင်းကနေ ထွက်သွားပြီး ဖြစ်သည်။ သူရဲ့နာမည်ကို ကြားဖူးပေမယ့် တစ်ခါမှမတွေ့ဖူးသေးဘူး။ ပထမဆုံး တွေ့မယ့်တွေ့တော့လည်း သူရိုက်တဲ့ကားမှာ သရုပ်ဆောင်ရမည်။

လင်းယွီအွာက ငယ်သေးသည်။ ခုထိ ၄၀မပြည့်သေးပေမယ့် ဖုယီနင်းထက် ပိုတော်တယ်လို့ ပြောလို့ရသည်။

သူက ရုပ်တည်ကြီးမဟုတ်ဘဲ မျက်နှာကပြုံးပြုံးလေး။

ဟော်ဝူ ခေါင်းငြိမ့်ပြကာ “ဟဲလို၊ ဒါရိုက်တာလင်း”

“ဟုတ်ကဲ့၊ ထိုင်ပါ”

ဟော်ဝူ သူ့ရှေ့မှာထိုင်သည်။

လင်းယွီအွာက ဟော်ဝူကို ခြေဆုံးခေါင်းဆုံး အကြိမ်ကြိမ်ကြည့်သည်။ ဒါပေမယ့် အနေခက်စေတဲ့အကြည့်မျိုးနဲ့ မဟုတ်ဘူး။

သူလက်ပိုက်ကာ အံ့ဩတကြီး ပြောသည်။ ”မစ္စဟော်၊ မင်းက ငါထင်တာထက်ပိုပြီး ပိန်ပိန်ပါးပါးလေးပဲ”

ဟော်ဝူပြုံးကာ ”ချီယွမ်မုန့်နေရာ သရုပ်ဆောင်ရမယ်ဆိုထဲက ၁လအတွင်း၆ကီလိုချခဲ့တာ။” ချီယွမ်မုန့်က ဘီလေးအကသမား၊ ဘဲလေးကတဲ့သူတွေက ပိန်ပိန်လေးတွေ၊ ချီယွမ်မုန့်က သာမန်ဘဲလေးသမားတွေနဲ့လည်း မတူဘူး။ ဆင်းဆင်းရဲရဲနဲ့ မိသားစုဝန်ကိုလည်း ထမ်းထားရသည်။ အကူအညီတွေ အများကြီးရတယ်ဆိုပေမယ့် ဟော်ဝူက ချီယွမ်မုန့်ကို အရိုးပေါ်အရေတင်ပုံစံမျိုးအဖြစ် ပုံဖော်ထားသည်။

“၆ကီလို?”

“ဟုတ်ကဲ့”

ဟော်ဝူ လုပ်နိုင်မယ်လို့ လင်းယွီအွာ မထင်ခဲ့ဘူး။

လင်းယွီအွာ မပြောခင် စဉ်းစားပြီး ”တို့နိုင်ငံထဲမှာ အကောင်းဆုံးမင်းသား၊ မင်းသမီး အော်စကာဆုရဖူးတဲ့သူ မရှိသေးဘူး။ ဆိုလိုတာက ဒီဆုက ပေါ့သေးသေးမဟုတ်ဘူး”

“ဟုတ်ကဲ့”

လင်းယွီအွာက နောက်ကိုမှီကာ ပြုံးပြီးကြည့်သည်။ ”မင်းကတော်တော် ရည်မှန်းချက်ကြီးတာပဲ”

ဟော်ဝူ ယဲ့ယဲ့ပြုံးကာ “ကျွန်မမှာ အရင်းအနှီးများလို့ထင်တယ်”

ဟော်ယွီအွာက ခေါင်းခါပြီး ရယ်သည်။ တခြားတစ်ယောက်ဆီက ဒီစကားကြားရရင် သူလှောင်မိမှာ။ဒါပေမယ့် ခုပြောတဲ့သူက ဟော်ဝူဆိုတော့ သူငြင်းလို့မရဘူး။

ဟော်ဝူရဲ့ ကြိုးစားအားထုတ်မှု တစ်ခုထဲကြောင့်မဟုတ်ဘဲ သူမမှာ နောက်ခံကောင်းကောင်းလည်း ရှိသည်။ ဟော်ယွီစန်က နာမည်ကြီးဇာတ်ညွှန်းဆရာကို ပိုက်ဆံပုံပေးပြီး ရေးခိုင်းထားတာ။ ခုဒါရိုက်တာကိုလည်း ငှားထားရုံမကဘဲ ၇၆ကြိမ်မြောက် အရန်အော်စကာဆုရထားတဲ့ Emmaကိုလည်း ချီယွမ်မုန့်ရဲ့ အလကားသင်ပေးတဲ့ အကဆရာမအဖြစ် သရုပ်ဆောင်ပေးဖို့ ငှားထားသည်။

Emmaရဲ့သရုပ်ဆောင်စကေးက ကမ္ဘာကျော်သည်။ သူ့ကိုအရန်ငှားဖို့က ဟော်ယွီစန် တော်တော် စောင့်လိုက်ရ၏။ Emmaဆီကနေ ပညာတွေသင်ယူဖို့ရယ်၊Emmaရဲ့နာမည်ကိုအသုံးချပြီး The Swan’s Dreamကားကို ပိုလူသိလာအောင် လုပ်ဖို့။ ခု emmaကဒီကားမှာ သရုပ်ဆောင်မည်။ ဒီသတင်းက ရုပ်ရှင်လောကမှာ တော်တော် ဂယက်ထသွားသည်။

ဇာတ်ညွှန်းကစပြီး၊ ဒါရိုက်တာ၊ အရန်အထိ ပြည့်စုံနေပြီ။

အစထဲကThe Swan’s Dreamကားက အော်စကာရဖို့ မှန်းထားတာ။

လင်းယွီအွာက ရှေ့မှာထိုင်နေတဲ့ ငယ်ရွယ်နူးညံ့တဲ့မျက်နှာလေးကိုကြည့်ပြီး ဒီကောင်မလေးတော့ နာမည်ကျော်တော့မယ်လို့ တွေးနေခဲ့သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now