Chapter 32

4.9K 505 2
                                    

Chapter 32

မိုဆာသည် သူ၏မေးစေ့ကိုပွတ်သပ်ပြီး မထူးခြားတဲ့အသံနှင့်ပြောလိုက်သည်။

‘’ ငါတို့ ဖဲငါးကဒ်ဂိမ်းဆော့ကြရအောင် လောင်းကြေးလဲထားမယ်။ငါနိုင်ရင်သူမဟာငါ့အပိုင်ဖြစ်ရမယ်။မင်းဘယ်လိုထင်လဲ ဥက္ကဌဟော်’’

သူ၏အသံသည် ဒေါသထွက်အောင်စိတ်ဆွမှုများပါဝင်နေသည်။

မိုဆာသည်သူရှုံးခဲ့ရင်ဘာပြန်လုပ်ပေးမည်ဟုလုံး၀မပြောခဲ့ပါ။သူသည်ဘယ်တုန်းကမှ မရှုံးခဲ့ဖူးသဖြင့် မိမိကိုယ်ကို ယုံကြည်ချက်များ အပြည့်ရှိနေပါသည်။သူ့မျက်နှာအပေါ်တွင် တည်ငြိမ်သောအပြုံးတစ်ခုရှိနေသည်။ 

သူ၏စကားအဆုံးတွင် ဟောင်းဝူသည်အလွန်ထိတ်လန့်သွားသည်။

‘’ဒါဆိုသူကဟောင်ယွီစန်ပြိုင်မယ့်ဂိမ်းပွဲမှာ ငါ့ကိုဆုတစ်ခုအဖြစ်အသုံးချလိုက်တာလား’’

မိုဆာသည်ဟော်ယွီစန်နှင့်မတူညီပါ။ ဟော်ယွီစန်သည် ဟော်မိသားစု၏တရားဝင်ဇနီးကမွေးဖွားသောသူဖြစ်သော်လည်းမိုဆာသည် မိုမိသားစု၏တရားမဝင်ကလေးမျှသာဖြစ်ပါသည်။မိုမိသားစု၏အကြီးအကဲသည် အမျိုးသမီးတစ်ယောက်နှင့် တကြိမ်တခါမျှ ပတ်သတ်မိပြီးနောက် မိုဆာကိုမွေးဖွားခဲ့ပါသည်။

မိုဆာသည် မိုမိသားစုသို့ သူ့အသက်ဆယ့်ငါးနှစ်ရောက်မှပြန်လာခဲ့သည်ကို ဟော်ဝူသည်ရှင်းရှင်းလင်းလင်းမှတ်မိပါသည်။ ဆိုလိုသည်မှာ မိုဆာသည် ၁၅နှစ်လုံးလုံး ပတ်ဝန်းကျင်မှာ

သူတစ်ယောက်တည်း ကျင်လည်ခဲ့ရပါသည်။သူ့အမေသည်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သူဂရုမစိုက်။ အသက်ရှင်သန်ဖို့အတွက် သူသည် ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်ပြီး ပန်းကန်ဆေးကာ  အလုပ်လုပ်ခဲ့သည်။ သူသည် ပင်ပန်းခက်ခဲသော အလုပ်များစွာကို လုပ်ကိုင်ခဲ့ဖူးသည်။ သူသည် အချိန်အတော်ကြာ ဆင်းဆင်းရဲရဲ နေခဲ့ရပြီး စားစရာ ဘာမှ မရှိခဲ့ပါ။ မိုဆာသည် စားစရာမရှိသောကြောင့် နောက်နေ့တွင် ငတ်သေမည်ကို ကြောက်ရွံ့နေခဲ့သည်။ထိုသို့ကြီးပြင်းလာရသောကြောင့် ကြံ့ခိုင်သောစိတ်ဓာတ်ကိုမွေးမြူနိုင်ခဲ့သည်။မိုဆာသည် မိုမိသားစုသို့ပြန်လာရခြင်းမှာ သူ၏အဖိုးဖြစ်သူမိုကျန်းဖန်က ပြန်လာဖို့ပြောသောကြောင့်ဖြစ်သည်။ပြန်လာခဲ့သော်လည်းသူသည် တရားမဝင်သားအဖြစ် ခက်ခဲစွာနေခဲ့ရပါသည်။ သူ့မှာ အဖေတူအမေကွဲ အကိုနှစ်ယောက်နှင့် ညီမလေးတစ်ယောက်ရှိပါသည်။မိုဆာမှလွဲပြီးကျန်တဲ့သူများသည်မိုမိသားစု၏တရားဝင် သားသမီးများဖြစ်ကြပါသည်။ မိုမိသားစုတွင်နေရသောသူ့ဘဝကိုစိတ်ကူးကြည့်ရန်မခက်ပေ။သို့သော် အခုအသက်၂၅နှစ်အချိန်တွင်မိုမိသားစု၏ပိုင်ဆိုင်မှုတဝက်သည်သူ့လက်ထဲမှာပင်ဖြစ်သည်။တခြားတဝက်သည်လည်းသူ့လက်ထဲသို့မကြာမီကျရောက်လာတော့မည်ဖြစ်သည်။ကိုကြည့်ခြင်းအားဖြင့် မိုဆာသည် ထူးကဲသောစွမ်းရည်များရှိသည်ကိုခန့်မှန်းသိနိုင်ပါသည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now