Chapter 11

5.8K 571 1
                                    

ဟော်ယွီစန်ရဲ့ အကြည့်တွေ ဟော်ဝူဆီကိုရောက်နေတယ်ဆိုတာက ကကွက်ရဲ့လိုအပ်ချက်အရပဲ။ ခြေလှမ်းတွေကို ကြည့်နေဖို့လိုတယ်မလား။ အဲ့ကကွက်ဆုံးသွားတာနဲ့ သူအကြည့်တွေက ချက်ချင်းပြန်လွှဲသွားတာပဲ။

ဒါပေမယ့်လည်း ဝူ ဒီပုံလေးကို ကြိုက်တယ်။ ကြေးစားဓာတ်ပုံဆရာကို ငှားပြီး အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ရင်တောင် ဒီလိုပုံမျိုးထွက်လာဖို့ မလွယ်ဘူး။ တခါတလေတော့ အမှတ်တမဲ့တွေက အမှတ်တရတွေဖြစ်သွားတတ်တယ် မဟုတ်လား။

ဝူက ယွီချင်းချင်းဘက်ကို လှည့်လိုက်ပြီး "ငါ့ကိုနောက်ပြီးရင် ဒီပုံတွေနဲ့ ဗီဒီယိုကို ပို့ပေးပါ"လို့ပြောလိုက်တယ်။

ချင်းချင်းကတော့ ထုံးစံအတိုင်းပဲ မငြင်းရှာပါဘူး။ "ဟုတ်ကဲ့"လို့ တခွန်းပဲ အဖြေပြန်ပေးပါတယ်။

ကပွဲတလျောက်လုံး သီချင်းတွေ တပုဒ်ပြီး တပုဒ် ပြောင်းနေပါတယ်။ ဒါပေမယ့် ဝူနဲ စန်ကတော့ နောက်တခါ ထပ်မကဖြစ်တော့ပါဘူး။

ဝူကို တွဲကဖို့ လာဖိတ်ခေါ်တဲ့ အမျိုးသားတချို့ရှိပေမယ့် ဝူက ယဉ်ယဉ်ကျေးကျေးဘဲ ငြင်းဆန်လိုက်ပါတယ်။

ကံကောင်းတာက ဝူကို နဂိုတည်းက မောက်မာတယ်လို့သတ်မှတ်ထားတဲ့အပြင် ဒီကပွဲကိုစီစဉ်သူတွေထဲမှာ ဝူလည်းပါတာမလို့ သူတို့က အငြင်းခံလိုက်ရတာတောင် စိတ်ဆိုးတဲ့ပုံမပြပါဘူး။

ညစာစားပွဲက ပြီးဆုံးတော့ပါမယ်။
နှုတ်ဆက်တေးတပုဒ်ကို ဖွင့်လိုက်ပြီး ဧည့်သည်တော်တွေ တဖွဲဖွဲ ပြန်ကုန်ကြပါပြီ။

နောက်ဆုံး ဧည့်သည်တော်တယောက်ကို နှုတ်ဆက်အပြီးမှာ ဝူ သူ့ရဲ့ပခုံးကို ပွတ်သပ်လိုက်ပြီး ဟော်ယွီအွာကို ခွင့်တောင်းကာ အခန်းထဲပြန်လာပြီး နားနေလိုက်တယ်။

ဒီညစာစားပွဲက ဟော်မိသားစုအပိုင် ခြံကျယ်ကြီးထဲမှာ ကျင်းပကြတာပါ။

ခြံကျယ်ကြီးအကြောင်းပြောခါမှ ဒီခြံဟာ ဖန်မင်လန်ရဲ့ အမည်ပေါက်နဲ့ပဲရှိနေပါသေးတယ်။ ဖန်ရဲ့အဖေက မဂ်လာလက်ဖွဲ့အဖြစ်နဲ့ သူ့သမီးကို ပေးခဲ့တာပါ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now