Chapter 09

5.9K 657 1
                                    

Chapter 9

သူ့အမေရဲ့ မျက်လုံးတွေလိုမျိုး မနက်ခင်းနေရာင်ခြည်နုနုတွေ ဖြာထွက်နေသလိုမျိုး မျက်လုံးတွေကြောင့် ဟော်ယွီစန် မလွန်ဆန်နိုင်ခဲ့ပါဘူး။

ဘယ်လိုမိန်းမမျိုးကိုမဆို မျက်နှာထားခပ်တည်တည်နဲ့ ငြင်းရဲ့တဲ့အစွမ်း စန် မှာရှိပါတယ်။

ဒါပေမယ့် သူ့အမေနဲ့တူနေတဲ့ ညီမအရင်းလေးကိုတော့ မငြင်းသင့် မငြင်းနိုင်ခဲ့ပါဘူး။

ဒီတော့လည်း ဟော်ဝူကို ခေါင်းလေး ဖြည်းဖြည်းချင်းညိတ်ပြလိုက်တယ်။

လက်ထဲကိုင်ထားတဲ့ ဝိုင်ခွက်ကိုချထားလိုက်ပြီး ညာလက်ကို အသာအယာမြှောက်ကာ သူ့အကျီလက်တွေကို ခေါက်တင်လိုက်တယ်။

အဲ့ပုံစံလေးကိုက တမူထူးနေပြီး မြင့်မြတ်သန့်စင်တဲ့ အသွင်ကို ဆောင်နေပါတယ်။

သူက ခေါင်းကနေ ခြေဖျားအထိ ကျက်သရေရှိခန့်ငြားပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ အရွယ်ရောက်ပြီးသား အမျိုးသားတယောက်ပါ။ အသက်နှစ်ဆယ့်ငါးနှစ်သာသာပဲရှိသေးပေမယ့် လူလတ်ပိုင်းအမျိုးသားတယောက်ရဲ့ အရှိန်အဝါအပြည့်ရှိပါတယ်။

အပျိုတွေရော အအိုတွေရော လက်ထက်ပြီးသား လက်မထက်ရသေးတဲ့ မိန်းမတွေအကုန်လုံးက စန် အကျီလက်ခေါက်တင်လိုက်တာကို ငေးမောနေကြတယ်။

ဒါပေမယ့်လည်း သူ့ကိုငေးမောနေကြတယ့် အမျိုးသမီးထုကြီးရဲ့ အကြည့်တွေကို သတိထားမိပုံမပေါ်ပါဘူး။ ပိုပြီးသေချာအောင်ပြောရရင်တော့ ဂရုကိုမစိုက်တဲ့ပုံစံပါ။

အကျီလက်ကို ခေါက်တင်လိုက်အပြီးမှာ သူ့ရဲ့လက်အစုံကို လူကြီးလူကောင်းတယောက်ရဲ့ ဟန်ပန်အပြည့်နဲ့ ဆန့်တန်းလိုက်ပြီး "လာခဲ့လေ"လို့ ဝူကို ခေါ်လိုက်ပါတယ်။

ဟော်ဝူရဲ့လက်ကလေးတွေ သူရဲ့ကြီးမားကျယ်ပြန့်တဲ့ လက်ဖဝါးတွေထဲကို ရောက်နေပါပြီ။

အဲ့အချိန်မှာ ဖွင့်ထားတဲ့ သီချင်းကပြီးသွားပြီး‌ နောက်ထပ်အသစ်တပုဒ် ဖွင့်လိုက်ပါတယ်။

လှပတဲ့ ဝေါ့ဇ် တေးသွားတွေရဲ့ကြားမှာ ဟော်ဝူတယောက် ဟော်ယွီစန်ရဲ့ လက်တွေကို ကပွဲနေရာဆီကို ဝင်သွားလိုက်ရင်း ကိုင်ထားပါတယ်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now