Chapter 13

5.5K 564 0
                                    

ဟော်ယွီအွာက "သမီးက ရုပ်ရှင်လောကထဲ ဝင်ချင်တယ် ဟုတ်လား"လို့ တအံ့တဩမေးလိုက်တယ်။ ဝူက ဒီဘဝမှာ အထက်တန်းကျောင်းမှာ အငယ်တန်းနှစ်ပါ။ သူ့အဆင့်တွေက ကောင်းလည်းမကောင်းသလို ဆိုးတယ်လို့လဲ ပြောမရဘူး။ ဒါပေမယ့် အွာက သူ့သမီးပညာရေးကို သိပ်စိတ်မပူမိဘူး။ သူ့သမီးကို ရွှေပေါ်မြတင် အလိုလိုက်ထားချင်တာလေ။ သူသမီးက ပေါ့ပေါ့ပါးပါးပဲနေတတ်ပေမယ့် သူ့သားအကြီးနဲ့ သူကိုယ်တိုင်က ဝူ ဘဝတလျောက်လုံး ဘာအပူအပင်မှမရှိဘဲနေနိုင်အောင် လုပ်ပေးနိုင်တယ် မဟုတ်လား။

ဝူက ခေါင်းလေးကို အသာအယာလှည့်လိုက်ပြီး "သမီးကျောင်းမှာလည်း အဆင့်တွေမကျအောင် လုပ်ပါမယ် ကျောင်းပြီးရင်လည်း ကောလိပ်တက်ဖြစ်အောင် တက်မှာပါ ဒါပေမယ့် သရုပ်ဆောင်တာကိုလည်း သမီးတကယ်ဝါဿနာပါလို့ ပေးလုပ်ပါနော် ဖေဖေ"လို့ အပြစ်ကင်းစင်တဲ့ မျက်လုံးလေးတွေနဲ့ တောင်းဆိုလိုက်တယ်။

"ရုပ်ရှင်လောကဆိုတာ သမီးထင်သလောက် လွယ်ကူပြီး ပျော်ဖို့ကောင်းတဲ့မဟုတ်ဘူးနော် အဖေကတော့ ဒီလမ်ကြောင်းက သမီးနဲ့ သင့်တော်မယ် မထင်ဘူး" လို့ အွာ လေသံဖျော့ဖျော့နဲ့ ပြောတယ်။ သူ့လေသံက အေးဆေးပါပဲ။ ကန့်လည်းမကန့်ကွက် ထောက်လည်းမထောက်ခံတဲ့ သဘောကိုဆောင်နေတယ်။ သူ့ရဲ့ အမြင်ကို ပြောပြရုံသက်သက်ပါပဲ။ စန် နဲ့ အွာ ဘယ်လိုတွေးတယ်ဆိုတာ ဝူ သိပါတယ်။ သူ့တို့ရဲ့ သမီး/ညီမလေးက မောက်မာတယ်ဆိုပေမယ့် ရိုးသားပြီး စိတ်ထဲမှာ သိပ်မတွေးတတ်တဲ့သူ။ အဲ့လိုလူမျိုးက ရှုပ်ထွေးလှတဲ့ ရုပ်ရှင်လောကကြီးနဲ့ ကိုက်မှာမဟုတ်ဘူးလို့ ယူဆတယ်မလား။

ဒါပေမယ့် ဝူမှာလည်း ရွေးစရာမရှိပါဘူး။ ရုပ်ရှင်လောကထဲ ဝင်ကိုဝင်ရမှ ဖြစ်မှာပါ။ ဒီနယ်ပယ်ကပဲ သူ့အတွက် ဘဝအာမခံချက်ပေးနိုင်မှာကို ဝူ သိထားတယ်လေ။ ဇာတ်လိုက်မင်းသမီး ပြန်ရောက်လာရင်တောင်မှ ဒီလိုနည်းနဲ့ အမှီခိုကင်းကင်း အသက်ရှင်သွားလို့ ရတယ်။

ဝူက ဇွန်းကိုချထားလိုက်ပြီး မေးစိကို လက်နှစ်ဖက်နဲ့ထောက်ထားလိုက်ကာ ပျားရည်စမ်းထားတဲ့ အပြုံးမျိုးနဲ့ " သမီးသိပါတယ် ဒါပေမယ့် သမီးရဲ့ ကိုကိုက သမီးကို ကာကွယ်ပေးမှာပေါ့"လို့ စန်ရဲ့ဘက်ကိုလှည့်ပြီး ပြောလိုက်တယ်။ စန်ရဲ့ မျက်လုံးတွေ ကျဉ်းသွားတယ်။ အံ့ဩသွားတာမလို့ မျက်လုံးနှစ်ဖက်ကို အလိုလို ကျုံလိုက်မိတာ။ သူ့ရဲ့ ညီမက ဘယ်အချိန်တုန်းက အဲ့လိုမျိုး ချစ်စရာကောင်းတဲ့ သကြားလုံးလေးလိုဖြစ်သွားတာလဲ။ သူတပါးရဲ့စိတ်ကို ချမ်းမြေ့သွားအောင်လုပ်ဖို့ ဘယ်အချိန်တုန်းက သင်ထားလိုက်တာပါလိမ့်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now