Chapter 67

3.9K 442 1
                                    

Chapter 67

သူတို့နှစ်ယောက်သည် သူတို့မှာထားတဲ့အရာမှန်သမျှကိုစားခဲ့ပြီး အစားအစာကိုအလဟဿမဖြစ်စေခဲ့ပါ။

သူတို့ဟော့ပေါ့စားပြီးဖို့ အချိန်တစ်နာရီလောက်ကြာသွားသည်။

သိပ်မကြာခင်မှာပဲ ဟော်ယွီစန်နှင့်ဟော်ဝူသည် ဟော့ပေါ့ဆိုင်တွင်းမှထွက်လာကြသည်။ ထိုအချိန်တွင်‌ဟော်ဝူသည် ကျန်းယွီချင်းနှင့်ဖုန်းလန်တို့ကိုသူမမျက်စိနှင့်တပ်အပ်မြင်လိုက်ပါသည်။

ဟော်ဝူတို့ဆိုင်မှထွက်လာချိန်တွင် သူတို့နှစ်ယောက်သည်လည်းစားလို့ပြီးကြပုံပေါ်ပါသည်။

သူတို့နှစ်ယောက်လုံးသည် ရယ်ရယ်မောမော စကားပြောနေကြသည်။ စောစောကဒေါသနဲ့ မကျေနပ်မှုတွေဟာ သူမမျက်လုံးထဲမှပျောက်ကွယ်သွားခဲ့သည်။ ခုနက သန့်စင်ခန်းထဲမှာ ကျန်းချင်းချင်းနှင့် အဖြစ်အပျက်များကို သူမ လုံးဝမေ့သွားပုံရသည်။

ဟော်ဝူသည်ဘာမှမကူညီနိုင်သော်လည်း နှလုံးသားထဲမှာ သက်ပြင်းချခဲ့သည်။ သူမသည် သူရဲကောင်းဖြစ်ထိုက်သည်။ ကျန်းယွီချင်းသည် ငယ်ရွယ်သေးသော်လည်း သူမ၏ စိတ်ခံစားချက်များကို ဘယ်လိုကောင်းစွာ ထိန်းချုပ်နိုင်ရမည်ကို သင်ယူခဲ့သည်။

ဟော်၀ူသည်သူမ အသက် 17 နှစ်ကအကြောင်းကိုပြန်တွေးမိသည်။ သူမ၏ စိတ်နေစိတ်ထားသည် ကျန်းယွီချင်းနှင့် ယှဉ်လို့မရနိုင်ပါ။ကံကောင်းထောက်မစွာ သူမဟာ အသက် 17 နှစ်အရွယ်မဟုတ်ပါ။ ဟော်ဝူသည်ဖျော်ဖြေရေးနယ်ပယ်မှာ ဘ၀အတက်အကျများကြုံခဲ့ရပြီးအတွေ့အကြုံများစွာရှိနေသည်။ နုပျိုနုံအ‌သောမိန်းကလေးငယ်မဟုတ်တော့ပါ။ သူမ၏အသက်သည်၂၄နှစ်ရှိပြီဖြစ်သည်။

သူမသည်ကျန်းယွီချင်းကို သတိထားနေရမည်‌ဆို‌‌
သော်လည်း သူမကိုမကြောက်ပါ။

သူမနဲ့ ဟော်ယွီစန်သည် ဤလမ်းကို ဆက်လျှောက်နေလျှင် လူအုပ်စုနှစ်စုအချင်းချင်း ထိပ်တိုက်တွေ့မှာသေချာပါသည်။

ကျန်းယွီချင်းနှင့် ဟော်မိသားစုမှလူများသည်ရုပ်ချင်းမဆင်ကြပါ။ ဟော်ယွီစန်သည်လည်း သူမကိုမြင်လျှင်ပင် လုံးဝမှတ်မိမည်မဟုတ်ပေ။ ဒါတောင်မှ‌ဟော်ဝူသည် တစ်ကိုယ်ကောင်းဆန်မိပါသည်။ သူတို့နှစ်ယောက်ကို မဆုံချင်စေချင်ပါ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now