Chapter 82

4K 427 5
                                    

အခန်း ၈၂

ကျင်းဇီနင်သည် သူပြောမိတာ မှားမှန်း သူမသိခဲ့ပါ။

မိုဆာသည် အမျိုးသမီးများကို အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး တိတ်တိတ်ဆိတ်ဆိတ် ဆက်ဆံမှုမျိုး မပေးခဲ့ဖူးပါ။ အဘယ်ကြောင့်ဆိုသော် သူသည် အမျိုးသမီးအုပ်စုနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့အတွက် နှစ်ဖက်စလုံးက သူတို့လိုအပ်တာကို ပေါင်းသင်းဆက်ဆံပြီး ဘာမှမပတ်သတ်ဖို့လည်း သဘောတူခဲ့ပါသည်။ မိုဆာသည် သူတို့ကို ငြီးငွေ့လာသောအခါတွင် သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်ပစ်ခဲ့သည်။ မိုဆာသည် သူတို့၏ ခေါ်ဆိုမှုတစ်ခုကို မကိုင်ခြင်း သို့မဟုတ် ရှင်းပြချက်မရှိဘဲ ၎င်းတို့၏နံပါတ်ကို ဘလော့ပစ်ခြင်းမျိုး မရှိခဲ့ပေ။

ကျင်းဇီနင်သည် မိုဆာကို လှည့်ကြည့်လိုက်ပြီး ယခုကို တည်တည်ငြိမ်ငြိမ်နှင့် လီလီနှင့်ဇာတ်လမ်းကို ဖြတ်တောက်ပစ်လိုက်သည်မှာ တစ်ခုခုတော့မှားနေပြီဆိုတာ စိတ်ထဲသိသော်လည်း ဘာစကားတခွန်းမှထပ်မပြောမိအောင် သူ့ပါးစပ်ကို ပိတ်ထားလိုက်ရသည်။

ယွီချင်းချင်းသည် ကားနောက်ခန်းမှာထိုင်ရင်း ကျန်းဇီနင်နှင့်မိုဆာတို့၏ စကားဝိုင်းကိုကြားသော် သူမဟာ အဲဒီအကြောင်း အတင်းပြောချင်လာခဲ့သည်။ ထိုယောက်ျားလေးနှစ်ယောက် ရှိမနေခဲ့လျှင် သူမဟာ‌ဟော်ဝူနှင့် အတင်းအဖျင်းပြောနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သူမသည် တောက်ပသော မျက်လုံးများဖြင့် ဟော်ဝူကိုကြည့်သည်။ ယွီချင်းချင်းသည် ဟော်ဝူဘက်က အဲ့လီလီဆိုတဲ့ မိန်းကလေးဘယ်သူလဲလို့ စမေးစေချင်နေမှန်း သိသာပါသည်။

သို့သော် ဟော်ဝူသည် သူတို့၏စကားဝိုင်းကို စိတ်မဝင်စားပေ။

သူမသည် အခြားသူများထက် မိုဆာ၏ ပင်ကိုယ်စရိုက်ကို ပိုသိသည်။

ဒီတစ်ခါမှာ မိန်းမနာမည် အဲ့တာဖြစ်သော်လည်း နောက်မိန်းမတစ်‌ယောက်သည်တွင် လိလိ ဒါမှမဟုတ် နာမည်တူတူ ဖြစ်ချင်ဖြစ်နေနိုင်သည်။ ဒါဟာပလေးဘွိုင်းတစ်ယောက်ဖြစ်တဲ့ မိုဆာအတွက် အထူးအဆန်းကိစ္စမဟုတ်ပါ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now