Chapter 66

4K 419 1
                                    

Chapter 66

သူစိမ်းတစ်ယောက်ကို ပစ္စည်းတွေ ကူကောက်ပေးတာဟာ ရိုးရှင်းပြီးယဉ်ကျေးသည့် လုပ်ရပ်တစ်ခုပဲဖြစ်သည်။ တခြားသူဆိုလျှင်လည်း ဒီလိုပဲလုပ်မှာပါ။

ကျန်းယွီချင်းသည် ကြမ်းပြင်မှ ပစ္စည်းအားလုံးကို ကောက်ယူပြီးနောက် အမြန်ထွက်ခွာသွားခဲ့သည်။

ဟော်ဝူသည် သူမ၏လက်ကို ဖြည်းညှင်းစွာဆေးကြောပြီးနောက် အမျိုးသမီးသန့်စင်ခန်းမှ မထွက်မီ ရေခြောက်အောင်ပြုလုပ်ခဲ့သည်။

ဤအချိန်တွင် သူမ အများကြီးတွေးခဲ့သည်။ ကျန်းယွီချင်း၏အလျင်လို‌နေသောပုံစံသည် သူမအတွက်သံသယကိုဖြစ်စေပါသည်။ သူမတွင် အချိန်များစွာမကျန်တော့သော်လည်း သူမမှာလုပ်စရာတွေများစွာရှိပါသေးသည်။ လာမည့်နှစ်မစတင်မီ အရာအားလုံးကို အမြန်စီစဉ်ရမည်။

ဤအတောအတွင်း သူမသည် သူမ၏သရုပ်အမှန်ကို ထုတ်ဖော်မပြမိစေရန် တစ်ကိုယ်ကောင်းဆန်ဆန်သူမ‌ မျှော်လင့်ခဲ့သည်။ အဲဒါက အသင့်တော်ဆုံး အစီအစဉ်ဖြစ်ပါလိမ့်မည်။

သို့သော် သူမသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားရမည်။ ဥပမာအားဖြင့်၊ သူမ၏ သရုပ်အမှန်သည် စောစီးစွာပေါ်ထွက်ခဲ့လျှင်  သူမသည်အခြားရွေးချယ်စရာ အစီအစဉ်တစ်ခုလိုအပ်မည်ဖြစ်သည်။

သူမ၏ကိုယ်ရေးကိုယ်တာအမှန်ကို ထုတ်ဖော်ခြင်းရှိသည်ဖြစ်‌စေမရှိသည်ဖြစ်စေ သူမသည်အနာဂတ်အတွက် အခြားရွေးချယ်စရာအစီအစဉ်တစ်ခုကို ဖော်ဆောင်ရမည်ဖြစ်သည်။

ဟော်၀ူသည် ဟော့ပေါ့စားသောက်ဆိုင်သို့ ပြန်ရောက်သောအခါ ဟော်ယွီစန်သည် သူမကို တိတ်တဆိတ် စောင့်နေသည်။ သူ၏လက်နှစ်ဖက်ကို စားပွဲပေါ်တင်ကာ ပေါ့ပေါ့ပါးပါးဆိုင်အပြင်ဘက်ကိုငေးကြည့်နေသည်။

သူ၏ပုံစံသည် တော်တော်ချစ်စရာကောင်းပါသည်။ သူ့တွင် ရှည်လျားသော မျက်တောင်များ၊ မြင့်မားသောနှာတံစင်းစင်းနှင့် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများရှိသည်။

သူ့ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး အတွင်းဘက်တွင် အနက်ရောင်ဆွယ်တာအင်္ကျီကိုသာ ၀တ်ထားသည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now