Chapter 83
ဟော်ဝူသည် သူမပတ်ဝန်းကျင်ရှိ အရာအားလုံးကို မေ့သွားခဲ့သည်။ သူမပတ်ဝန်းကျင်မှာ ဖရိုဖရဲဆူညံသံတွေအားလုံးဟာ ပြန်ကျသွားသောဒီရေများကဲ့သို့ မှိန်ဖျော့သွားသကဲ့သို့ ပျက်ပြယ်သွားသကဲ့သို့ပင်။
ဤအချိန်တွင် သူမနှင့် သူမရှေ့မှလူမှလွဲ၍ အခြားမည်သူမျှမရှိပေ။
သူမသည် သူ၏ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားသည်။ သူဟာသူမ၏ကမ္ဘာကြီးကဲ့သို့ပင်
ဟော်ယွီစန်၏ခါးတွင်ရစ်ပတ်ထားသော ဟော်ဝူ၏ လက်တွေက ဖြူပြီးတောက်ပြောင်နေတဲ့ စင်းလုံးချောကျောက်စိမ်းတုံးတစ်တုံးကဲ့သို့ပင်ဖြစ်သည်။
ဟော်ယွီစန်သည် သူမ၏လုပ်ရပ်ကြောင့် ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် သူ၏ခါးပေါ်မှသူမ၏လက်များကို ညင်သာစွာဆုပ်ယူလိုက်ပြီးနောက်သူမ၏နောက်ကျောကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။
“အားဝူ “ဟော်ဝူသည်က နူးညံ့သောအသံဖြင့် အင်း ဟုပြောလိုက်သော်လည်း သူမရဲ့အသံဟာ ကွဲအက်လုနီးနီးဖြစ်နေပါသည်။
သူမသည် ယွီချင်းချင်းကို သူမ မငိုချင်ကြောင်း၊ငိုရန်လည်းမလိုအပ်ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့သော်လည်း ဟော်ယွီစန်နှင့်တွေ့ပြီး သိပ်မကြာခင်မှာပဲ သူမရဲ့နှာခေါင်းကနီလာပြီး မျက်ရည်တွေက အကြောင်းပြချက်မရှိဘဲ သူမရဲ့မျက်လုံးထောင့်တွေကနေ စီးကျလာခဲ့သည်။
သူမသည် ဒီအဖြစ်အပျက်အပြီးတွင် ငိုချင်စိတ်မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူမသည်ဘယ်လိုငိုရမည်ကို မေ့သွားသောကြောင့်ဖြစ်လိမ့်မည်။ ဟိုလူဆိုးသုံးယောက်ဟာ တကယ်တော့သူမကို ဘာမှမလုပ်ခဲ့ပါ။ ဒါဆိုလျှင်အဘယ်ကြောင့်သူ့အနား ရောက်သောအခါမှ အထီးကျန်မှုနှင့် ကြောက်ရွံ့နားကျည်းမှူတွေက သူမ နှလုံးသားထဲမှာပွက်လောရိုက်အောင် ခံစားနေရသနည်း။
သူမ၏ နှလုံးသားထဲတွင် မကျေနပ်ချက်သည် စက္ကန့်ပိုင်းအတွင်း အကြိမ်များစွာဖြစ်လာပြီးနောက် သူမသည်အသက်ကောင်းကောင်းမရှုနိုင်တော့ဘဲ နှလုံးသားထဲကမွန်းကြပ်လာခဲ့သည်။ သူမသည် ထိန်းမရတော့ဘဲ ရှိုက်သံလေးများထွက်လာခဲ့သည်။