Chapter 44

4.4K 439 3
                                    

Chapter 44

ဟော်ဝူ ကျောင်းရောက်သော် ယွီချင်းချင်းသည်အရင်ရောက်နှင့်နေသည်။

သို့သော် ဒီနေ့နှစ်ယောက်သား စကားစမြည်ပြောဖို့ အချိန်မရှိပါ။ ဟော်ဝူသည် သူမ၏ထိုင်ခုံဆီသို့ ဦးတည်သွားခဲ့ပြီးမေးခွန်းများကို ဆက်၍ အလွတ်ကျက်နေခဲ့သည်။

သူမသည် သူမ၏အချိန်ကို တစ်မိနစ်မျှမဖြုန်းတီးခဲ့ပါ။ ဟော်ယွီချင်းသည် သူမအတွက် အထူးအမျိုးသမီးယာဉ်မောင်းတစ်ဦးကို ငှားပေးခဲ့သည်။ ဒရိုင်ဘာသည် သူမအားကျောင်းသို့ အကြိုအပို့မောင်းပေးရမည့် တာဝန်ပေးခဲ့သည်။ သူမ ကားပေါ်ရှိစဉ်က စက္ကန့်တိုင်းကို လေ့ကျင့်ခန်းစာရွက်များပေါ်တွင် အဆက်မပြတ် ကျက်မှတ်ကာကြိုးစားနေပါသည်။

ကားမောင်းသူအမျိုးသမီးက ဟော်ဝူသည် ဤမျှပင် ဝီရိယရှိရှိ စာကျက်နေသည်ကို မြင်သောအခါတွင် ကျောင်းတွင် ထိပ်တန်းကျောင်းသူတစ်ဦးဟု ယူဆခဲ့သည်။ ကားမောင်းသူ အမျိုးသမီးကစာသင်ချိန်နှင့် အနားယူချိန်ကို မျှတအောင် ထိန်းချုပ်ရန်အကြံဉာဏ်ပေးခဲ့သည်။ ကားမောင်းသူအမျိုးသမီးသည်ရိုးစင်းလွန်းသောကြောင့် ဟော်ဝူသည်ကားသမားကို အမှန်အတိုင်းပြောဖို့ ရှက်ရွံခဲ့သည်။

ဟော်ဝူသည်  ရန်သူကိုတိုက်ခိုက်ရန် ပြင်ဆင်နေသကဲ့သို့လေ့ကျင့်ခန်းများကို စူးစူးစိုက်စိုက်ကြည့်ခဲ့သည်။ ယွီချင်းချင်းသည် ဟော်ဝူဆီသို့လျှောက်သွားကာ သူမ၏စာရွက်ကိုဆွဲယူကာ
“သတင်းကောင်းလေးတစ်ခု ပြောပြမယ်။ ဒီနေ့ စာမေးပွဲ မဖြေရတော့ဘူး ။အရင်သတ်မှတ်ထားတဲ့သောကြာနေ့မှဖြေရတော့မှာ”

ဟော်ဝူသည် ထိုသတင်းကိုကြားပြီးနောက်သူမ၏ကျောကို တည့်တည့်မတ်မတ်ထားပြီး ယွှီချင်းချင်းထံမှ သူမ၏လေ့ကျင့်ခန်းစာရွက်များကို ပြန်ယူလိုက်သည်။ သူမ မယုံနိုင်စွာ မျက်လုံးပြူးသွားသည်။

“ဘာလို့လဲ”

ယွီချင်းချင်းက ပခုံးတွန့်လိုက်သည်။ တစ်တန်းလုံးက စာမေးပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အတွက် သင်္ချာဆရာက လိုက်လျောဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပါ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now