Chapter 108

3.2K 326 2
                                    

အခန်း ၁၀၈

မွေးထဲက သူက ဆွဲဆောင်မှုရှိနေတာ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းဟာ သူမအတွက် ဆွဲဆောင်မှုရှိသည်။

သူမ နှလုံးသားထဲမှာတော့ သူ့ထက်ကောင်းတဲ့သူ မရှိတော့ဘူး။

အခုချိန်မှာ ဟော်ဝူကို ဟော်ယွီစန်က စိတ်ရှည်ရှည်နဲ့ နှစ်သိမ့်ပေးတာကို မြင်တော့ ချူးရွှယ်ယိ စိတ်ထဲမှာ ပျော်သွားသည်။

သူလည်း စိတ်ရှည်တတ်တာကို မြင်တော့ သူမ ဝမ်းသာသည်။ မွေးထဲက အေးတိအေးစက် မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။ သူလည်း နွေးထွေးပြီး ကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်လာနိုင်သည်။ အဲ့တာအပြင် သူနွေးနွေးထွေးထွေး ဆက်ဆံတဲ့သူက တခြားမိန်းမမဟုတ်ဘဲ သူ့ရဲ့ညီမအရင်းမလို့ သူမ ဝမ်းသာသည်။

ချူးရွှယ်ယိက ဟော်ယွီစန်ကိုလည်း ထပ်တောင်းပန်၏။ “ဆောရီး ဟော်အကို အားဝူကို ဂရုမစိုက်မိဘူး။Dancing machineဖွင့်ရင် အားဝူနဲ့ အဖော်လုပ်ပေးရင်ရော”

“ရတယ် မလိုပါဘူး”

အေးစက်စက်ပြောပြီးနောက် ဟော်ယွီစန်က ဟော်ဝူကိုခေါ်ပြီး အခန်းထဲက ထွက်သွားသည်။

ဟော်ဝူနဲ့ ဟော်ယွီစန် ထွက်သွားတော့ ဟော်ဝူ အရွယ် ဝန်းကျင်လူငယ်လေးတွေ ရောက်လာပြီး “ခုန ဘာဖြစ်သွားတာလဲ”

ချူးရွှယ်ယိ နှုတ်ခမ်းစေ့ပြီး သူမဘာသာသူမ အပြစ်တင်သည်။ “အားဝူ ပြုတ်ကျတော့မလို့”

အမှန်တိုင်းပြောရရင် ခုနဖြစ်ခဲ့တာက ကြောက်စရာပဲ။ ဘယ်လောက်ပဲ ခြေတိုခုံလေးလို့ ဆိုပေမယ့်လည်း ကံမကောင်းရင် သေသွားနိုင်သည်။ ဟော်ဝူသာ ခေါင်းနဲ့ပြုတ်ကျပြီး တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်ခဲ့ရင် သူမအပြစ်ဖြစ်မှာ။

“သူဘာမှမဖြစ်လို့ တော်သေးတယ်”

ချူးရွှယ်ယိ အားတင်းပြုံးလိုက်ပြီး “အင်း တော်သေးတယ် သူဘာမှမဖြစ်သွားလို့”

ဟော်ဝူကို မိသားစုရုပ်ရှင်ရုံဆီ ခေါ်လာခဲ့၏။

သူတို့ရောက်တော့ အဲ့မှာ ဘယ်သူမှမရှိဘူး။ ကျန်တဲ့သူတွေက ဧည့်ခန်းထဲမှာ ဖဲချနေလား ဖရုံစေ့စားနေလား မသိဘူး။

ဟော်ယွီစန်က ဟော်ဝူကို ထိုင်စေပြီး “ဘာကားကြည့်ချင်လဲ”လို့ မေး၏။

“ဘာပဲဖြစ်ဖြစ်”

ဟော်ယွီစန် ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာကားတစ်ကားရွေးလိုက်သည်။ 

ရုပ်ရှင်ရုံတစ်ခုလုံး မှောင်သွားတော့ ဟော်ဝူက ဟော်ယွီစန်နဲ့ လက်ချင်းချိတ်ထားခဲ့၏။

ဟော်ဝူက သူမကိုယ်သူမ အရမ်းတွယ်ကပ်တယ်လို့ထင်သည်။ ဒါပေမယ့် ဟော်ယွီစန်ရဲ့လက်ကို ကိုင်လိုက်တိုင်း သူမလုံခြုံသွားတယ်လို့ ခံစားရပြီး ဘာကိုမှမကြောက်တော့ဘူး။

“ကိုကို ငါ့ကို မမုန်းဘူးမလား”

“ဟင်”

“ငါကအမြဲ နှောင့်ယှက်နေတာ”

“ဟင်”

“ငါ့ကို အနှောင့်အယှက်လို့မတွေးပါနဲ့နော်”

“အိုခေ”

ရုပ်ရှင်က အကြာကြီးပဲ။ ၂နာရီလောက် ကြာသည်။

သူမ ဘေးမှာ သူရှိနေလို့ လုံခြုံသွားတယ် ခံစားရလို့လားမသိ။ သူမ ရုပ်ရှင်ကြည့်နေရင်း အိပ်ပျော်သွားသည်။

ဟော်ဝူ အိပ်ပျော်သွားပြီး မကြာခင် ဟော်ယွီစန် ဖုန်းမြည်လာ၏။

ဘေးမှာအိပ်နေတဲ့ သူမကို တစ်ချက်ကြည့်ပြီး သူ့လက်ကို ဖြည်းဖြည်းချင်းရုတ်ကာ ဖုန်းကိုင်ဖို့ အပြင်ထွက်သွား၏။

“ဖြစ်နိုင်တယ်”ဆိုတဲ့ မသေချာမရေရာတဲ့ အဖြေမျိုး သူ မလိုအပ်ဘူး။

သူလိုချင်တာ တိကျသေချာတဲ့ အဖြေတစ်ခု။ အဲ့တာကြောင့် လုံးဝသေချာမှ သူ့ကိုပြန်ပြောဖို့ လက်ထောက်ကို မှာထားသည်။

ဟော်ယွီစန်က အေးစက်စက်နဲ့ပြော၏။ “ပြော”

တစ်ဖက်ကသူက ရုတ်တရက် တည်ကြည်သွားပြီး ဟော်ယွီစန်ကို ပြောလိုက်သည်။ ”မစ္စတာဟော် သခင်မလေးဟော်က ညီမအရင်းမဟုတ်ဘူး။ ကျွန်တော် သက်သေတွေ စုထားပြီးပြီ။ ခဏနေရင် မေးလ်ပို့လိုက်မယ်”

ဟော်ယွီစန်က ဖုန်းကိုကိုင်ထားရင်း ခဏတိတ်နေခဲ့၏။

နိုင်ငံခြားက ပြန်လာထဲက သူဂရုစိုက်လာတဲ့ ညီမလေးက သူ့ညီမအရင်း မဟုတ်ဘူးတဲ့။ ဒီအချက်က ဟော်ယွီစန် လက်ခံဖို့ ခက်ခဲသည်။

ဟော်ယွီစန်က ခါးကိုဆန့်တန်းလိုက်ပြီး ရှင်းရှင်းလင်းလင်း ပြောသည်။ မင်းနဲ့ငါနဲ့ကလွဲပြီး ဒီကိစ္စ ဘယ်သူ့ကိုမှ မသိစေချင်ဘူး။ သဘောပေါက်လား"

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now