Chapter 90

3.9K 388 1
                                    

Chapter 90

ညစာစားပြီးသောအခါ ဖုယီနင်သည် သူတို့အား နှုတ်ဆက်ပြီး အချိန်မီပြန်ဖို့ ပြင်လိုက်သည်။

သူ့တွင် တခြားလုပ်စရာတွေရှိနေသေးသည်။ ဒီည‌ တွေ့ဆုံမှုသည် သူ့အတွက်အလွန်အလုပ်ရသွားတော့သည်။ ရင်ခုန်သံများဆူညံဇာတ်ကားကို မကြာခင်မှာစရတော့မှာဖြစ်တဲ့အတွက် သူ့မှာ လုပ်စရာတွေ အများကြီးရှိပါသေးသည်။

ဖုယီနင် သည် သူ့ဂျာကင်အင်္ကျီဝတ်ရန် မတ်တပ်ထရပ်လိုက်ရင်း ဟော်ဝူကို လှမ်းကြည့်လိုက်‌လေသည်။

သူမ သည် ယနေ့ညတွင် သေချာဂရုတစိုက်သရုပ်ဆောင်လိုက်သည်ဖြစ်စေ လုပ်တတ်သလိုလုပ်ခဲ့သည်ဖြစ်စေ ဟော်ဝူသည် အလွန်အလားအလာရှိသူတစ်ယောက်ဖြစ်ပါသည်။ ဖုယီနင်သည် အသက် 30 မကျော်သေးသော်လည်းဖျော်ဖြေရေးနယ်ပယ်တွင် စီနီယာအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည်။

ဤနယ်ပယ်တွင် အချိန်အတော်ကြာ နေခဲ့ရပြီးသရုပ်‌ဆောင်မှုကို မြင်ရုံဖြင့် သူတို့၏ စစ်မှန်သောပါရမီကိုသိနိုင်စွမ်း ရှိလာခဲ့သည်။

ဟော်ဝူသည် စိတ်အားထက်သန်စွာဖြင့်မင်းသမီးတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုမည်ဆိုလျှင် သူမ၏ပါရမီပါမှုကြောင့်ဖျော်ဖြေရေးနယ်ပယ်မှာကြီးမားတဲ့သက်ရောက်မှုများချန်ထားနိုင်လိမ့်မည်။အဲ့ဒီအပြင်သူမနောက်သို့‌အောင်မြင်ကျော်ကြားမှုများတဖြေးဖြေးလိုက်လာလိမ့်မည်။
သူမမှာသာမကောင်းတဲ့အကျင့်ဆိုးများမရှိလျှင်အချိန်ကြာလာသည်နှင့် အမျှ ပို၍နာမည်ကြီး‌ သောသရုပ်ဆောင်ဖြစ်လာလိမ့်မည်။သူမ၏အရည်အချင်းများသည်လည်းတဖြေးဖြေးတိုးတက်လာပြီး သူမ၏ပုံရိပ်သည်လည်း သူ့အစ်ကို၏ထောက်ပံ့ပေးမှုများကြောင့်ဆက်လက်မြင့်တက်နေလိမ့်အုံးမည်။

သို့သော်လည်းဒီလိုမဖြစ်ခင်မှာသူမဘက်က အများကြီးကြိုးစားအားထုတ်ရမည်။

အသက်ဘေးမှလွှတ်အောင်ကြိုးစားရသကဲ့သို့အနုပညာလောကသည်လည်း အမြဲသတိကြီးကြီးထား၍နေရသည်ည်။လှပ‌ပြီးအရည်အချင်းရှိသောသရုပ်ဆောင်အသစ်များသည်နေ့တိုင်းပေါ်လာနေမြဲဖြစ်ပါသည်။အနုပညာလောကထဲကိုအပျော်သက်သက်၀င်ရောက်လာမည်ဆိုလျှင်သူမဒီလောကထဲမှာကြာကြာဆက်နေ၍ရမည်မဟုတ်ပါ။
သို့သော် ဖုယီနင်အတွက်ဒီကိစ္စဟာ စိုးရိမ်စရာမဟုတ်ပါ။ ဟော်မိသားစုမှ သမီးအငယ်ဆုံးလေးသည်ဖုံးကွယ်ထားသောအရည်အချင်းများရှိနေပြီး သူမအနည်းငယ်သရုပ်ဆောင်ပြတာကြည့်ပြီးဖျားသွားနိုင်ပါသည်။တကယ်ကို သူမမှာ အရည်အချင်းရှိလွန်းပါသည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now