Chapter 77

3.9K 388 3
                                    

အခန်း ၇၇

ကျောင်းဆင်းသောအခါ ဟော်ဝူနှင့် ယွီချင်းချင်းတို့သည် Royal Court KTV သို့ အတူသွားကြသည်။

သီးသန့် KTV အခန်းကျန်သေးလား‌ မေးကြည့်ပြီးနောက် သူတို့၏ သီးသန့် KTV အခန်းသို့ သွားနေသော စင်္ကြံတွင် မိန်းကလေးအုပ်စုတစ်စုနှင့် တွေ့သည်။

စင်္ကြံဘေးမှာ ရပ်နေတဲ့ မိန်းကလေးအုပ်စုဟာ ဟော်ဝူ၏အတန်းဖော်တွေပဲ ဖြစ်ပါသည်။ သူတို့ဟာ ယွဲ့ယွီ၏အကြံအတိုင်း ဟော်ဝူကိုကျဉ်ဖယ်ထားကြသူများ ဖြစ်ပါသည်။

သူတို့သည် စကားစမြည်ပြောပြီး ရယ်မောကြသော်လည်း ဟော်ဝူနှင့်ယွီချင်းချင်းတို့ ဖြတ်လျှောက်လာသော်အခါ စကားပြောရယ်‌မောနေသည်ကို ရုတ်တရက် ရပ်ပစ်လိုက်သည်။

လူအုပ်စုနှစ်စုသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ တိတ်တဆိတ် ဖြတ်သွားကြသည်။ အဖွဲ့နှစ်ဖွဲ့ဟာ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ဖို့ အစီအစဉ်မရှိပါ။

သူတို့၏သီးသန့် KTV အခန်းထဲသို့ ရောက်သောအခါ ယွီချင်းချင်းက ဟော်ဝူကိုမေးလိုက်ပါသည်။
“သူတို့ကဘာလို့ ဒီကိုရောက်နေတာလဲ မသိဘူးနော်?”

ဟော်ဝူသည် သူမ၏မေးခွန်းအတွက် အဖြေကိုတကယ်မသိသောကြောင့် သူမ ခေါင်းကို ခါယမ်းလိုက်သည်။

ယွီချင်းချင်းက သူမဘာသာသူမ တိုးတိုးလေးပြောရင်း “ယွဲ့ယွီက တရုတ်ကိုပြန်မရောက်သေးဘဲ သူတို့အားလုံးကို တစုတစည်းတည်း Royal Court KTV မှာ စကားပြော ရယ်‌မောနေကြတာကို တွေ့ရတာ ထူးဆန်းလိုက်တာ”

ခုနက ဖြတ်သွားတဲ့ မိန်းကလေးအုပ်စု၏ အဖွဲ့ခေါင်းဆောင်ဟာ ယွဲ့ယွီဖြစ်သည်။ သူတို့သည် ကိုယ်တိုင်က ဘာအစွမ်းအစမှ မရှိသောကြောင့် ယွဲ့ယွီကို ခေါင်းဆောင်‌မြှောက်ကာ ကိုးကွယ်နေသည်။ ယွဲ့ယွီသာမရှိလျှင် သူတို့ဟာ ကမ်းခြေကသဲများကဲ့သို့ အမှုန်အမွှားမျှသာ ဖြစ်ပါသည်။ ထိုမိန်းကလေးတွေသည် ဟော်ဝူကို တိုက်ခိုက်နိုင်ခြင်းမှာ သူတို့နောက်တွင် ယွဲ့ယွီရှိနေသောကြောင့် ဖြစ်သည်။ယွဲ့ယွီ ခိုင်းသမျှအားလုံးကို သူတို့လုပ်ကြရသည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now