Chapter 186-190

3.8K 384 10
                                    

အခန်း ၁၈၆

ဟော်ဝူ အတွေးတွေကို စုလိုက်ပြီး တွန့်ဆုတ်စွာနဲ့မေးလိုက်သည်။ “အဲ့တော့ ရှာတွေ့ခဲ့တဲ့ကလေးက ကျွန်မဖြစ်ပေမယ့် ဟော်ယွီချင်းနဲ့ လဲလိုက်တာလား”

အမေကျန်းက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး “ဟော်ယွီချင်းရော ဒီအကြောင်းသိလား”

အဖေကျန်းက ဖြတ်ပြောသည်။ ”သူမသိဘူး။ မယ်ဂျီနဲ့ငါတို့ကလေး သေသွားပြီး နောက်ကလေးမရတော့တာကြောင့် သမီးအရင်းလိုပဲ ဆက်ဆံပေးခဲ့တာ။ ဒါပေမယ့် သူငယ်ငယ်တည်းက ငါတို့နဲ့ရင်းရင်းနှီးနှီး မနေဘူး။ သူအိမ်နီးနားချင်းတွေဆီက တခုခုကြားထားလားမသိဘူး”

ဟော်ဝူခဏကြာတော့ ခေါင်းငြိမ့်လိုက်သည်။

ဒီနေ့ကြားခဲ့တာကို သူမအံ့ဩပြီး ကြောင်နေခဲ့၏။

သူမက ကျန်းလင်မယားရဲ့ကလေးမဟုတ်တဲ့အပြင် သူ့ရဲ့မိဘတွေကိုလည်းမသိတဲ့ စွန့်ပစ်ခံရတဲ့ကလေးပဲ။

အမေကျန်းက ဟော်ဝူရဲ့လက်ကို ပုတ်ပုတ်ပြီး နှစ်သိမ့်သည်။ ”မိန်းကလေး၊ ကျန်းလူကြီးနဲ့ ငါနဲ့က မိဘအရင်းမဟုတ်ပေမယ့် သမီးရဲ့မိဘတွေကို မကြာခင်ပြန်ရှာတွေ့ဖို့ မျှော်လင့်ပါတယ်။"

ဟော်ဝူ ခေါင်းယမ်းပြပြီး မဲ့ပြုံးနဲ့ ”မလိုပါဘူး။ရေချိုးခန်းထဲမှာ ထားခဲ့ထဲက မလိုချင်လို့ပဲ။ သူတို့ကို ရှာစရာအကြောင်း မရှိပါဘူး။”

အမေကျန်းက သက်ပြင်းချခဲ့သည်။

ကျန်းလင်မယားက ဟော်ဝူရဲ့မိဘအရင်းတွေ မဟုတ်ပေမယ့် ဟော်ဝူက ဘဏ်ကဒ်တစ်ခုပေးခဲ့၏။ အစထဲကသူတို့ကို တစ်ခုခုပေးချင်ခဲ့တာ။ ဒါပေမယ့် အဲ့နေ့ကဒီနေ့ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

အမေကျန်းက အတင်းငြင်းသည်။ ”တော်ပါပြီ။ သမီးလေးကိုကိုက အန်တီတို့ကို ပိုက်ဆံတွေအများကြီးပေးတဲ့အပြင် အိမ်လည်းဝယ်ပေးထားတာ။သမီး ပိုက်ဆံထပ်ပေးစရာမလိုပါဘူး”

ဟော်ဝူက ပြုံးပြီးခေါင်းခါသည်။ ”ကိုကိုက ကိုကို။သမီးက သမီး။ ဒါက သမီးပေးတဲ့ လက်ဆောင်။ ပင်စင်လစာအဖြစ် လက်ခံပါအန်တီ”

အမေကျန်းက ပင်စင်လစာဆိုတဲ့စကားလုံးမှာ နစ်မြောသွားပုံပဲ။ နောက်ဆုံးတော့ ပျော်ရွှင်စွာနဲ့ ဘဏ်ကဒ်ကို လက်ခံခဲ့သည်။

ဟော်ဝူ အဲ့အိမ်ကထွက်သွားပြီးတော့ သူမ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။

သူ့အကြောင်း ပေါ်သွားပြီးပြီးချင်း ကျန်းမိသားစုဆီ သူမ မပြန်ခဲ့ဘူး။ ဟော်ယွီစန်ကို ထားခဲ့ရမှာစိုးလို့။တကယ်တော့ သူမစိတ်ထဲမှာ ကျန်းမိသားစုဆီပြန်ဖို့ စီစဉ်ထားပြီးသား။

ဒီနေ့လို သတင်းမျိုး ကြားရမယ်လို့ ဘယ်တုန်းကမှ မတွေးထားဘူး။

ဟော်မိသားစုရဲ့ကလေးမဟုတ်သလို ကျန်းမိသားစုရဲ့ကလေးလည်း မဟုတ်ဘူး။

ကမ္ဘာကြီးက အကျယ်ကြီး။ သူမပိုင်တဲ့နေရာက ဘယ်မှာမှန်း သူမ မသိဘူး။

ဟော်မိသားစုက ဟော်ဝူအတွက် လုံခြုံတဲ့ကောင်းကင်ဘုံပဲ။ ပြီးတော့ အကာအကွယ်အနေနဲ့ ဟော်ယွီစန်လည်း ရှိသည်။ ဒါပေမယ့် ဟော်မိသားစုမှာ သူ့ကိုအရိုးထဲထိ မုန်းနေတဲ့ဟော်ယွီချင်းနဲ့ ဟော်ယွီချင်းကို အလိုလိုက်တဲ့ ဟော်ယွီအွာရှိသည်။

ဟော်ဝူ ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာသည်။

အတွေးထဲနစ်မြောရင်း လမ်းလျှောက်လာတာ သူမဘယ်သွားနေမှန်းတောင် မသိဘူး။

“နောက်ဆုံးတော့ ရှာတွေ့ပြီ၊ အသည်းနှလုံးမရှိတဲ့ကောင်မလေး”

အသံက အံကြိတ်ပြီးပြောနေတဲ့အသံမျိုး ဖြစ်ပေမယ့် ရှင်းရှင်းလင်းလင်းကြားရသည်။

အသံကြားတော့ ခေါင်းမော့ကြည့်လိုက်၏။
 
သူမရှေ့ကသူက မတွေ့တာကြာပြီဖြစ်တဲ့ မိုဆာဖြစ်နေသည်။

သူကနဂိုလိုပဲ၊ မှိုင်းမှိုင်းထိုင်းထိုင်းနဲ့။ 

ဟော်ဝူအကြောင်း ပေါ်သွားတုန်းက မိုဆာ အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့သည်။ အဲ့တုန်းက ဟော်ဝူစိတ်ရှုပ်နေတာနဲ့ သူနဲ့အဆက်အသွယ်လုပ်ဖို့ စိတ်မပါခဲ့ဘူး။

ဒီလိုအချိန်မှာ သူနဲ့တွေ့မယ်လို့ ဟော်ဝူ မထင်ထားဘူး။

သူမ ပြောလိုက်သည်။ ”တစ်ခုခု လိုလို့လား”

မိုဆာ အံ့ကြိတ်လိုက်ပြီး ဘာမှပြန်မပြောဘူး။ ဟော်ဝူကို လူတွေမမြင်တဲ့ထောင့်တစ်နေရာကို ဆွဲခေါ်သွားပြီး နံရံမှာကပ်လိုက်၏။ သူရဲ့လက်တစ်ဖက်ကို ဟော်ဝူနား အနားမှာထောက်ထားရင်း သူမကို နမ်းဖို့ကြိုးစားခဲ့သည်။

မိုဆာရဲ့ခန့်ညားတဲ့မျက်နှာ ပိုပိုအနားကပ်လာတော့ ဟော်ဝူ ခေါင်းကို ဟိုဘက်စောင်းလိုက်သည်။ မိုဆာရဲ့ နှုတ်ခမ်းနွေးနွေးလေးတွေ ပါးကိုလျှပ်ထိသွားတဲ့ အထိအတွေ့ခံစားခဲ့ရသည်။

ဟော်ဝူ စိတ်ဆိုးမလို့ရှိသေး မိုဆာရဲ့ စိတ်ဆိုးတဲ့အသံထွက်လာခဲ့၏။ ”အသည်းမရှိတဲ့ကောင်မလေး၊ ဟိုရက်တွေက ငါနင့်ကို ဘယ်လောက်စိတ်ပူနေလဲ သိလား။ ငါ့ဖုန်းတွေလည်းမကိုင်၊ wechatမှာပို့ထားတဲ့စာတွေလည်း ပြန်မပြော။ နေ့ရက်တိုင်း ငါခံစားနေရတာ”

အဲ့အချိန်မှာ သူမခေါင်းက စောင်းလျက်ပဲ။ သူနောက်တစ်ကြိမ် အတင်းအကြပ် နမ်းလာမှာစိုးလို့။

သူ့စကားတွေကြားတော့ ဟော်ဝူအံ့ဩတကြီး မျက်လုံးဖွင့်ကြည့်ပြီး ”နင်..”

သူမရဲ့ဖြူဖွေးမွှတ်နေတဲ့ လည်တိုင်စင်းစင်းလေးကပေါ်နေ၏။ လှပတဲ့ လည်တိုင်စင်းစင်းလေးကို အနမ်းပေးလိုက်ရင် ဟော်ဝူ သူ့ကို ကြောက်သွားမှာစိုးလို့ ကိုယ့်ကိုကိုယ် ထိန်းချုပ်ခဲ့သည်။

မိုဆာဆီက ဘာမှပြန်စာ မလာဘူး။ ခဏကြာတော့ မိုဆာနဖူးက သူမနဖူးနဲ့ ထိကပ်ထားတာကို သတိထားမိသည်။

သူ့မျက်လုံးတွေကို မှိတ်ထားပြီး ဟော်ဝူနဖူးနဲ့ကြားက နွေးထွေးမှုကို ခံစားရင်း သူ့ဘာသူရေရွတ်လိုက်သည်။ ”ပြောစမ်း။ မင်းငါ့ကို ညှို့ယူထားတာလား။ ငါမင်းကိုမတွေ့တဲ့နေ့တိုင်း ငါမင်းအကြောင်းကို ဘာလို့အမြဲတွေးနေမိတာလဲ။ ငါမင်းကိုတွေ့ရင် အပျော်ဆုံးပဲ။ ငါ့ဘဝမှာ တစ်ခါမှ ဘယ်သူ့ကိုမှ အဲ့လောက် မကြိုက်ခဲ့ဖူးဘူး။”

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now