Chapter 171-175

3.2K 307 2
                                    

အခန်း ၁၇၁

အစက ရေကူးကန်ကို တက်တက်ကြွကြွ သွားခဲ့တာ။ရေကန်ဘေးမှာ အနားယူမယ်ဆိုပြီး တွေးထားခဲ့တာ။ အဲ့အစား ကြောက်လန့်နေရတာနဲ့ပဲ ပြီးသွားသည်။

အဆုံးမှာ မြွေအရုပ်မှန်း သိသွားခဲ့ပေမယ့် သူမ သေမလောက် ကြောက်သွားခဲ့တာ။

ဒါပေမယ့် ဖြစ်ခဲ့တာတွေကို ပြန်တွေးရင် တကယ့် ကြောက်စရာက မြွေအတုမဟုတ်ဘဲ သူမရဲ့ဘီကနီကြိုး။ အဲ့အချိန်မှ ဘာလို့ကြိုးပြတ်သွားတာလဲ။သူကိုယ်လုံးတီးဖြစ်တော့မလို့။ ဆိုးရွားလိုက်တဲ့ကြိုး။

ဟော်ဝူက စိတ်ရှုပ်နေခဲ့သည်။ သူမ သီချင်းဖွင့်ပြီး အနည်းငယ် နားထောင်ပြီးတဲ့အခါ နည်းနည်းစိတ်အေးသွားခဲ့၏။ စိတ်အေးသွားတော့ သူမတစ်ခုခုမေ့နေတာကို သတိရသွားသည်။

သူမ ဆယ်ဖီရိုက်ဖို့မေ့နေတာ။

ရေမကူးခင် မျက်နှာမှာ ရေသူမlook ပြင်ထားတာ။weiboမှာ လွတ်နေတဲ့ပုံနေရာတွေကို ဖြည့်ဖို့ ပုံ၉ပုံ ရိုက်ချင်ခဲ့တာ။

ဘာပဲဖြစ်ဖြစ် သူမweiboမှာ ဘာမှမတင်တာကြာပြီ။သူမfanတွေနဲ့လည်း အဆက်အသွယ် မလုပ်ဖြစ်ဘူး။ သူမ နာမည်မကြီးသေးခင်တင် သူမကို fanတွေမေ့သွားမှာကို ပြန်ပြင်ရမည်။

သူမအကြောင်း မပေါ်ခင် သူမရဲ့ပရိတ်သတ်တွေ ဆုံးရှုံးဖို့ မတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ပရိတ်သတ်တွေက သူမကိုအားပေးခဲ့သည်။ ဟော်မိသားစုရဲ့ တကယ့်မင်းသမီးလေး မဟုတ်ရင်တောင် သူမကိုချစ်ပြီး ထောက်ပံ့ပေးမယ့်သူအများကြီးရှိတယ် ဆိုပြီးအားပေးခဲ့၏။

စောနက ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် သူမ ဓာတ်ပုံရိုက်ဖို့ လုံးဝမေ့သွားခဲ့သည်။

မှန်ထဲကြည့်လိုက်တော့ မိတ်ကပ်တွေ နည်းနည်းပျက်နေပြီ။ ရေစိုခံ ပြောပေမယ့် သူမရဲ့မျက်လုံးက ခြယ်ထားတာတွေက မျက်နှာပေါ်စီးကျနေပြီး အရုပ်ဆိုးနေခဲ့သည်။ ဒီမိတ်ကပ်နဲ့ ဓာတ်ပုံရိုက်လို့မရတာသေချာသည်။ အဲ့တော့ မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ရမည်။

သူအခု ပုံ၉ပုံရိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ ပြီးတော့မှ selfieတစ်ပုံလောက်ရိုက်ပြီး သူတွေရဲ့အာရုံစိုက်မှု ယူရမည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now