Chapter 88

3.8K 397 2
                                    

Chapter 88

ဟော်ဝူ၏ သရုပ်ဆောင်မှုသည် သူမ၏ အသွင်အပြင်၊ အမူအရာ နှင့် အပြုအမူများ အားဖြင့် ချို့ယွင်းချက်မရှိဟု ဆိုရမည်ဖြစ်သည်။ သူမသည်ဇာတ်ဝင်ခန်းကို သရုပ်ဖော်လိုက်သောအခါတွင် သူတို့သည် စားသောက်ဆိုင်၏ သီးသန့်ခန်းထဲတွင် မဟုတ်တော့ဘဲ ကျောင်းဝင်း၏ လှပသော ကွန်ပေါင်းပင်အောက်တွင် ရပ်နေသည်ဟုထင်ရသည်။

ထိုနေ့တွင် ရာသီဥတုသည်ပူနွေးနေပြီး လေအေးလေများတချက်တချက်တိုက်ခတ်နေသည်။ ကောင်မလေးနှင့် ကောင်လေးသည် ကွန်ပေါင်းပင်အောက်တွင် မတော်တဆ ဆုံခဲ့သည်။ကောင်မလေးသည် အခွင့်အရေးပေးခိုက်တွင် သူ့အပေါ်ထားသော သူမခံစားချက်များကိာ ဝန်ခံရန် ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးတွင်သူမ၏ လျှို့ဝှက်စွာတဖက်သတ်ချစ်ခဲ့ရသူကို အမှန်တိုင်းဖွင့်ပြော၀န်ခံရတော့မည်။

သူမ သူ့ကို ဝန်ခံလိုက်ခြင်းဟာ လေထဲမှာ ပန်းရောင်ပူဖောင်းလေးတွေ ရှိနေသကဲ့သို့ပင်ဖြစ်သည်။

ဟော်ဝူ ၏ အနမ်းကိုသူမမျှော်လင့်ထားပါ။

အဘယ်ကြောင့်ဆိုသော် ဇာတ်ညွှန်းထဲတွင် နမ်းဖို့မပါသောကြောင့်ဖြစ်သည်။

ထိုဇာတ်ကား သည် အမျိုးသားနှင့် အမျိုးသမီး ခေါင်းဆောင်များကြား အပြစ်ကင်းစင်ပြီး ဖြူစင်သော ချစ်ခြင်းမေတ္တာကို အခြေခံထားသည့် အထက်တန်းကျောင်း အချစ်ဇာတ်လမ်းဖြစ်သည်။ ဖုယီနင်သည် ဤဇာတ်ကားအတွက် ဇာတ်ညွှန်းရေး‌ ‌‌ သောအခါ သန့်ရှင်းစင်ကြယ်သောအချစ်ကို အာရုံစိုက်ပြီး ဇာတ်ကားတစ်ကားလုံးမှာ အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ဆောင်တွေကြား အနမ်းခန်းများမပါခဲ့ပါ။ဒုတိယ အမျိုးသားနှင့်အမျိုးသမီး ဇာတ်ဆောင်ကြားမှာရုပ်ပိုင်းဆိုင်ရာထိတွေ့မှုများလာလျှင်ဇာတ်အိမ်လုံး၀ပြောင်းလဲသွားမည်ဖြစ်သည်။

ထို့ကြောင့် ယခု အနမ်းသည် ဟော်ဝူ ၏ ရိုကျိုးစိတ်ဖြင့် ဖန်တီးထားသော အနမ်းတစ်ခုဖြစ်သည်။

ဖုယီနင် သည် ဇာတ်ညွှန်းရေးသောအခါတွင် ဇာတ်ကောင်များကြား နူးညံ့သိမ်မွေ့ပြီး ငယ်ရွယ်နုပျိုသော အချစ်ဇာတ်လမ်းကို ဖော်ပြလိုသည်။ အချစ်ဇာတ်လမ်းသည် မြတ်လေးပန်းကဲ့သို့အပြစ်ကင်းပြီး နူးညံ့သိမ်မွေ့ရန် လိုအပ်သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now