Chapter 04

6.8K 664 6
                                    

Chapter 4

ဟော်ဝူရဲ့ မှတ်ဉာဏ်ထဲမှာ အကိုကြီးအကြောင်းတွေများများစားစား မရှိပါဘူး။ 

ဟော်ယွီစန် က ငယ်ငယ်လေးကတည်းက နိုင်ငံခြားမှာပညာသင်ဖို့ထွက်သွားခဲ့တာပါ။  ကျောင်းပိတ်ရက်တွေမှာလည်း အိမ်ကိုပြန်လာတာမျိုး နည်းပါတယ်။  ဒီတခါပြန်လာတော့ အရင်တခေါက်ကနဲ့ ကြားထဲမှာ လေးနှစ်တောင်ခြားသွားပြီ။

ဟော်ယွီစန် နဲ့ ဟော်ဝူတို့ရဲ့ ကြားထဲမှာ အသက်အားဖြင့် ၈နှစ်တောင် ကွာခြားမှုကလည်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုပြီးအေးစက်စေခဲ့ပါတယ်။

ဟော်ဝူတယောက် သူ့မှတ်ဉာဏ်ထဲမှာ ပေါ်လောက်သလောက်ဆိုရင်လည်း သူနဲ့ သူ့အကိုနဲ့ အဲ့လောက်မရင်းနှီးကြဘူး။

ဘာလို့ဆို သူ့အကိုက တခြားသူတွေအပေါ်ကိုဆက်ဆံတဲ့နေရာမှာ တော်တော်လေးအေးတိအေးစက်နိုင်ပါတယ်။

“မှားယွင်းတဲ့ချစ်ခြင်းများ”ဝတ္ထုမှာ အဓိကအမျိုးသားဇာတ်ကောင်က လူမှုဆက်ဆံရေးကောင်းပြီး နုလုံးသားနူးညံ့တဲ့ ယောက်ျားတယောက်ဖြစ်ပေမယ့် အကိုကြီးကတော့ ဆန့်ကျင်ဘက်ပါ။

သူက တခြားသူတွေနဲ့ အာလာပ သလာပ ဆက်ဆံရေးမျိုး မရှိပါဘူး။  ဒါပေမယ့် စာရေးဆရာကတော့ အကိုကြီးသာ အချစ်နဲ့တွေ့သွားရင် အခြားသူတွေထက် အချစ်ကြီးမယ့်သူမျိုးပါလို့ ဖော်ပြထားပေမယ့် ဇာတ်လမ်းသာဆုံးသွားတယ်။  အကိုကြီးရဲ့ နုလုံးသားကို လှုပ်ခတ်နိုင်တဲ့သူ မပေါ်လာခဲ့ပါဘူး။

တကယ်တော့ စာရေးဆရာကိုယ်တိုင်က အကိုကြီးဇာတ်ကောင်ကို စွဲလန်းနေပြီး သူကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်ကောင်ကို ဘယ်သူနဲ့မှမတူဘူးမတန်ဘူးဆိုပြီး သူ့အတွက် သေချာတဲ့ ဇာတ်လမ်းအဆုံးသတ်ကို မရေးဘဲ စာဖတ်ပရိတ်သတ်ကိုပဲ စိတ်ကူးနဲ့ ရူးစေတယ်။

ဟော်ဝူ အနက်ရောင် Red Valentino ဝတ်စုံကိုဝတ်နေရင်းပဲ ဇာတ်လမ်းအကြောင်း စဉ်းစားခန်းဝင်နေမိတယ်။

Red valentinoက Valentino တံဆိပ်ရဲ့ အမျိုးအစားခွဲတခုပါ။  ဆယ်ကျော်သက်မိန်းကလေးတွေအတွက် အဓိကရည်ရွယ်ပြီးထုတ်ထားတာပါ။  အမျိုးအစားခွဲတခုဆိုပေမယ့်လည်း အရည်အသွေးကောင်းဆဲပါပဲ။  တခြားနာမည်ကြီးတံဆိပ်တွေနဲ့ ယှဉ်လိုက်ရင် ဒီတံဆိပ်က ဈေးသက်သာတယ်လို့ ပြောလို့ရတယ်။  ဒီတံဆိပ်က ဟော်ဝူတို့လို အသက်အရွယ်တွေနဲ့လဲ အတော်ပါပဲ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now