Chapter 33

4.9K 492 10
                                    

Chapter 33

လက်ရှိဟော်ယွီစန်သည်  သူ့လက်ထဲတွင်ရှိသော ဝိုင်ခွက်အလွတ်တစ်လုံးနှင့် ကစားနေသည်။ စားပွဲပေါ်မှပစ်ချလိုက်သော  ဖန်ခွက်အပိုင်းအစတွေကို စားပွဲထိုးတစ်ယောက်က အမြန်ရှင်းပစ်လိုက်ဖြစ်ပါသည်။

မိုဆာသည် ဟော်ယွီစန်က ကိုဂိမ်းတစ်ခုတွင်စိန်ခေါ်လိုက်ခြင်းဟာသူ့အတွက်မျက်ခုံးပင့်တင်ရုံမျှသာဖြစ်သည်။ သူ၏မျက်လုံးများသည် ယောင်ချာချာအဓိပ္ပာယ်နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်ပုံပေါ်သည်။ သူ့အမူအရာသည်လွန်စွာငြိမ်သက်နေသည်။

အချိန်အတော်ကြာပြီးနောက် သူသည် ပြုံးကာ “ငါကြောက်လို့  ငြင်းပါရစေ” ဟုပြောခဲ့ပါသည်။

မိုဆာသည်သူ့လက်ကို ဖြန့်ပြီး လူဆိုးဂိုဏ်း၀င်ကဲ့သို့ ပြုံးပြီး “အကြီးအကဲ ဟော်၊ ဒီလို မလုပ်ပါနဲ့၊ ငါ့အမြင်အရတော့ ဒီကမ္ဘာပေါ်က အရာအားလုံးဟာ စျေးနှုန်းတံဆိပ်တစ်ခု ရှိတယ်။ ဥပမာ၊ မင်းနဲ့ငါမှာတောင် စျေးနှုန်းတံဆိပ်တစ်ခုရှိတယ်။ ဒါကြောင့် ချောမောလှပတဲ့ ကလေးမလေး မှာ လည်း စျေးနှုန်းတံဆိပ်ပါပါတယ်။ မင်းမှာ ကာစီနိုတိုကင်တွေ မလုံလောက်ရင်မင်းလိုချင်တဲ့ ဟာကို အရယူဖို့ ခက်ခဲသွားလိမ့်မယ်။ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ငါ မင်းကို လောင်းကြေးသတ်မှတ်ပေးမယ်။ လောင်းကြေးဘယ်လောက်မြင့်ထားထားရတယ်။ငါ့တောင်းဆိုချက်ကို ဥက္ကဌဟော်ဘယ်လိုထင်ပါလဲ”

မိုဆာ၏စကားများသည် ယဉ်ကျေးသော်လည်း၊  ဟော်ယွီစန်ကိုအမှန်တကယ် ကဲ့ရဲ့‌နေခြင်းပင်ဖြစ်သည်။

(ဤနေရာတွင် သူပြောနေသော တိုကင်သည် ငွေပုံစံတစ်ခုဖြစ်သည့် ကာစီနိုတိုကင်များကို ရည်ညွှန်းပါသည်။ ဒါကြောင့် သင့်မှာ ပိုက်ဆံမလုံလောက်ရင် သင်လိုချင်တဲ့အရာတွေကို ရရှိနိုင်မှာမဟုတ်ဘူးလို့ သူက အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။)

သူ့ရဲ့နောက်ဆုံးစကားရဲ့နောက်ကွယ်မှအဓိပ္ပာယ်သည် ဟော်ယွီစန်က ရှုံးမှာကို ကြောက်တဲ့အတွက် လောင်းကစားမလုပ်ချင်ဘူးဟု အရိပ်အမြွက်ပြနေပါတယ်။

ဟော်ယွီစန်၏ ရှည်လျားသော လက်ချောင်းများက ဝိုင်ဖန်ခွက်ကို လှုပ်ယမ်းလိုက်သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now