Chapter 106

3.3K 314 0
                                    

Chapter 106

ညစာစားပြီးတော့ ဟော်အဖိုးက ဟော်ယွီအွာနဲ့ဟော်ယွီစန်ကို စကားပြောဖို့စာဖတ်ခန်းထဲကို ခေါ်တယ်။ကျန်တဲ့သူတွေက ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြတယ်။

ဟော်မိသားစုအိမ်တော်ဟောင်းမှာ လုပ်နေတာတွေတော့ အများကြီးပဲ။သူမဖဲချရတာဝါသနာမပါတာကြောင့် “ဖု”ဆိုတဲ့စကားလုံးကို နံရံပေါ်တင်နေတဲ့ အလုပ်သမားတွေကိုမြင်တော့ သူမသွားကူညီခဲ့တယ်။

“ဖု”ဆိုတဲ့ စာလုံးတွေကို အိမ်တော်ရဲ့နံရံတွေမှာ လိုက်ကပ်တာဟာ ဟော်မိသားစု နှစ်အဆက်ဆက် စောင့်ထိန်းလာတဲ့ယဉ်ကျေးမှုတစ်ခုပဲ။

ပြောင်းပြန်”ဖု”ဆိုတဲ့စာလုံးရဲ့နောက်ကွယ်မှာ လှပတဲ့အဓိပ္ပာယ်ရှိတယ်။ပျော်ရွှင်မှုတွေရောက်လာမယ်။

သူလည်း ဘာမှလုပ်စရာမရှိနေတော့ ဟော်ဝူကအလုပ်သမားတွေကို “ဖု”စာလုံးကို နံရံမှာကူကပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အဲ့အချိန်မှာ ချူးရွှယ်ယိကလည်း ပွဲတွေကို စိတ်ဝင်စားပုံမပေါ်ဘူး။ဟော်ဝူနားကိုလျှောက်လာပြီး မေးတယ်“ကူလုပ်ပေးနေတာလား”

ဟော်ဝူက ဟုတ်ကြောင်း အသံပြုလိုက်တယ်။

ချုးရွှယ်ယိက စိတ်အားထက်သန်စွာနဲ့“အဲ့ဆို ငါနေရာကြည့်ပေးမယ်”

စာလုံးကို နံရံမှာကပ်ဖို့က လူနှစ်ယောက်တော့မလိုပါဘူး။တစ်ယောက်က အပေါ်မှာ စာလုံးကပ်နေတဲ့အချိန် သူတို့က မမြင်ရဘူးလေ။အဲ့တော့ တခြားတစ်ယောက်ကြည့်ပေးဖို့လိုအပ်တယ်။

အဲ့တာကြောင့် သူ့ရဲ့အကြံပြုချက်ကို ဟော်ဝူမငြင်းလိုက်ဘူး။

သူမရှေ့က နံရံတစ်ခုလုံးမှီဖို့အတွက် ဟော်ဝူအရပ်မမီတာကြောင့် ခွေးခြေပုလေးယူပြီး အဲ့ပေါ်ရပ်လိုက်တယ်။

ဟော်ဝူက စာလုံးကို  သင့်တော်တဲ့နေရာထားလိုက်ပြီး ချုးရွှယ်ယိကို မေးလိုက်တယ်“အဆင်ပြေလား”

ချူးရွှယ်ယိက ဘယ်ညာကြည့်ပြီး အကြံပြုလိုက်တယ်။“ညာဘက်အပေါ်တက်နေတယ်။အောက်နည်းနည်းချ”

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now