Chapter 20

5.5K 542 3
                                    

အခန်း 20

ဇီဇာကြောင်တဲ့ ယောက်ျားတွေက ဆွဲဆောင်မှု အရှိဆုံးပဲ လို့ ပြောကြတယ်။

ဟော်ဝူကတော့ ဒီအခိုက်အတန့်မတိုင်ခင်အထိ အဲ့ဒီစကား ဘယ်လောက်မှန်လဲ ဆိုတာ မသိခဲ့ရဘူးလေ။

ဟော်ယွီစန် ကသူ့ရဲ့ အဖြူရောင်ကြယ်သီးနဲ့ ဝတ်စုံကို ချွတ်ပြီးတော့ အရောင်ဖျော့တဲ့ သာမန်အင်္ကျီကိုပဲ ဝတ်ထားတယ်။ ဝတ်စုံချွတ်လိုက်တော့မှပဲ သူ့ပုံစံက ပိုခင်စရာကောင်းလာပြီးတော့ အရင်ကလို အထီးကျန်နေတဲ့ ပုံစံလည်း ပျောက်သွားရော။

တစ်ချိန်တည်းမှာပဲ သူ့လက်ချောင်းတွေကို ကီးဘုတ်ပေါ် တင်လိုက်ပြီးတော့ မျက်လုံးကလည်း ကွန်ပျူတာမျက်နှာပြင်ကိုပဲ အာရုံစိုက်ပြီး ကြည့်နေတော့တယ်။

ဟော်ဝူကတော့ သူနဲ့ပတ်သတ်ပြီး ဘာလွဲနေမှန်းမသိပေမယ့် ကြည့်ရတာတော့ အရင်ကထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

ဟော်ယွီစန်က ဟော်ဝူနိုးနေတာကို ချက်ချင်းပဲ သတိထားမိသွားတယ်။ သူ့ကွန်ပျူတာကို ပိတ်လိုက်ပြီး မျက်ခုံးကြားကို လက်မနဲ့ဖိရင်း "ဗိုက်ဆာနေလား။" လို့ မေးလာတယ်။ သူ့ကြည့်ရတာ ပင်ပန်းနေသလိုပဲ။

ဟော်ဝူက "ဟုတ်"လို့ နူးနူးညံ့ညံ့လေးပဲ ပြန်ဖြေပါတယ်။

"ဘယ်အချိန်ရှိနေပြီလဲ အကို"

ဟော်ယွီစန်က ကွန်ပျူတာမပိတ်ခင် အချိန်ကို အရင်ကြည့်လိုက်ပြီးမှ "မနက် နှစ်နာရီ ထိုးပြီ"လို့ ခပ်မြန်မြန်ပြန်ဖြေလေရဲ့။

မိုးတောင်လင်းတော့မှာပဲ။

အပြင်မှာ မှောင်နေပေမယ့်  အချိန်အရဆို တော်တော်တောင် ညဥ့်နက်နေပြီ။

ဟော်ယွီစန်က သူ့ကတိသူတည်ပြီး သူမအခန်းထဲထိ လိုက်လာမယ်လို့ တွေးတောင်မတွေးခဲ့ဖူးဘူး။

ဟော်ဝူကလည်ချောင်းထံမှာ တစ်ဆို့နေသလို ခံစားလိုက်ရပြီး နဲနဲလောက် လှုပ်ရှားလိုက်တယ်။

ရုတ်တရက် စိတ်ထဲမှာ တွေးလိုက်မိတာက အဲ့ဒီအတွေး တကယ်ဖြစ်လာရင် ကောင်းမယ် ဆိုတာပဲ။

ဟော်ယွီစန်သာ သူ့အကို ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now