Chapter 28

4.8K 490 3
                                    

Chapter 28

လူတွေအများကြီးထဲမှ တစ်ယောက်က ဟော်ယွီစန်၏နောက်တွင် ဟော်ဝူမတ်တပ်ရပ်နေသည်ကိုသတိထားမိသွားကာဟော်ယွီစန်ကိုမေးလိုက်သည်။

‘’ဒါမင်းရဲ့ညီမလေးလား’’

ဟော်ယွီစန်ကစိတ်မပါလက်မပါနဲ့ “ဟုတ်တယ်”ဟုပြန်ဖြေလိုက်သည်။ထို့နောက်သူ၏သူငယ်ချင်းနှစ်ယောက်နဲ့ ဟော်ဝူကိုမိတ်ဆက်ပေးလိုက်သည်။

‘’ဒီနှစ်ယောက်နာမည်က  ကျောင်းဟောင် နဲ့ ရှန်းယွီ လို့ခေါ်တယ်’’

ဟော်ယွီစန်သည်တခြားသူများနှင့် မမိတ်ဆက်ပေးခဲ့ပါ။ ဟော်ယွီစန်နှင့်တခြားသူများ၏ခင်မင်မှုမှာ သာမန်မျှသာဖြစ်လိမ့်မည်ဟုယူဆပါသည်။ဟော်ဝူသည်ခေါင်းငြိမ့်ပြလိုက်သည်။ ကလေးမျက်နှာနှင့်တစ်ယောက်သည် ကျောင်းဟောင်ဖြစ်ပြီးနောက်တစ်ယောက်မှာ ရှန်းယွီဖြစ်သည်။ဟော်ဝူသည်ထိုနှစ်ယောက်ကို အထင်လည်းမကြီးပေ။ သူတို့သည်ဇာတ်လမ်းတွင် အရေးမပါသောဧည့်သည်များသာဖြစ်မည်ဟု ယူဆထားပုံပေါ်သည်။

ကျောင်းဟောင်သည် ဟော်ဝူကိုမြင်ပြီးအံ့အားသင့်သွားပါသည်။ သူသိရသလောက် ဟော်ယွီစန်သည် သူ၏ညီမနှင့်ရင်းရင်းနှီးနှီးမရှိပါ။ ထို့ကြောင့်သူတို့နှင့်ဟော်ယွီစန်၏တစ်ဦးတည်းသောညီမတို့သည်လည်း ရင်းနှီးခွင့်မရခဲ့ကြပေ။ ဟော်ယွီစန်သည်သူ၏ညီမကို ပါတီသို့ခေါ်လာလိမ့်မည်ဟု သူတို့လုံးဝမထင်ထားခဲ့ကြပါ။ သို့သော်သူသည် တခြားမိသားစုကိစ္စများကိုအတင်းပြောလေ့မရှိပါ။ သူသည်ဟော်ယွီစန်နှင့်ရင်းနှီးသော်လည်း သူတို့မိသားစုကိစ္စများနှင့် အကျွမ်းတဝင်မရှိပေ။
သူငယ်ချင်းအချင်းချင်းတချို့ကိစ္စတွေစနောက်လှောင်ပြောင်လို့ရတာသူပါသည်။ သို့သော် တချို့ကိစ္စတွေမှာအရင်းနှီးဆုံးဖြစ်နေရင်တောင် စနောက်မပြောသင့်တာတွေလည်းရှိပါသည်။
သူသည်ချမ်းသာပြီးအာဏာရှိသောအိမ်မှမွေးဖွားလာသည်ကိုကောင်းကောင်းသိသည်။ အခန်းထဲမှာရှိသောတခြားသူများသည်လည်း ကျောင်းဟောင်နှင့် ရှန်းယွီတို့နှင့် အတွေးချင်းတူနေပုံရသည်။သူတို့သည်ဟော်ဝူကို ဖော်ဖော်ရွေရွေဆက်ဆံကြပြီး ပတ်ဝန်းကျင်နှင့်အဆင်မပြေဖြစ်စေမည့် မည်သည့်အကြောင်းအရာကိုမျှမပြောခဲ့ကြပါ။မောင်နှမနှစ်ယောက်၏ဆက်ဆံရေးသည် အရင်ကထက်ပိုကောင်းလာတယ်ဆိုရင်တောင် သူတို့နှင့်ဘာမှမဆိုင်ပါ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now