Chapter 73

3.9K 453 2
                                    

Chapter 73

ဟော်ဝူသည် သူ၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိပြီးနောက် သူမသည် ဟော်ယွီစန်နှင့် ပိုမိုရင်းနှီးလာပုံရသည်ဟု တဖြည်းဖြည်းခံစားလာရသည်။

မကြာခင်တွင် ဒီဇင်ဘာလ 31 ရက်နေ့ ရောက်ပါပြီ။

ဟော်ဝူသည် နေ့လည်ပိုင်းတွင် မိုဆာထံမှ WeChat ကိုလက်ခံရရှိခဲ့သည်။

မိုဆာသည် စာသား သို့မဟုတ် အသံမက်ဆေ့ချ်မပို့ဘဲ သူမကိုဓာတ်ပုံတစ်ပုံပို့ပေးခဲ့သည်။

ဓာတ်ပုံထဲမှာ စာကြောင်းတစ်ကြောင်းပဲပါပါသည်။ “နှစ်သစ်ကူးအကြိုမဟုတ်လား။ ကိုယ်နဲ့တူတူ တညတာကိုကုန်ဆုံးကြမလား”

ဟော်ဝူသည် ဓါတ်ပုံကိုမြင်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူသည် ပလေးဘွိုင်တစ်ယောက်ဖြစ်ပြီး အကျင့်ဆိုးများကို ပြောင်းလဲရန်ခဲယဉ်းသည်။

ဟော်ဝူသည် သူ့ကိုစာပြန်မပို့ဘဲ မိုဆာကိုတန်းဘလော့လိုက်သည်။

သူမသည် တစ်စုံတစ်ယောက်နဲ့ဖြတ်သန်းရမယ်ဆိုရင်တောင်မှ သူ့ကိုဘယ်တော့မှရွေးချယ်မှာ မဟုတ်ပါ။

တစ်ယောက်ယောက်ကို သူနှင့်အတူဖြတ်သန်းစေချင်တယ်ဆိုရင် ကျန်းယွီချင်းကိုပဲမေးသင့်သည်။

ဟော်ဝူသည် မိုဆာကို ဘလော့ထားပြီးနောက်  လျစ်လျူရှုခဲ့သည်။ မကြာခင်မှာပဲ ဒီအဖြစ်အပျက်ကို သူမ မေ့သွားခဲ့သည်။

ညအနည်းငယ်အကြာတွင်၊ ဟော်ဝူ သည် ယခုနှစ်၏နောက်ဆုံးနေ့မနက်ခင်းတွင် မော်ဒယ်လေယာဉ်ကို အောင်မြင်စွာတည်ဆောက်နိုင်တော့မည်ဖြစ်သည်။

သူမသည် ဘယ်သူ့အကူအညီမှမယူခဲ့ဘဲ သူမကိုယ်တိုင် လေယာဉ်ပုံစံကိုတည်ဆောက်ခဲ့သည်။ ထို့ကြောင့် သူမသည်လေယာဉ်အပြီးသတ်ရန်အတွက် တစ်ရက်လျှင် လေးနာရီသာအိပ်ခဲ့ရသည်။

ဒါဟာ အရမ်းအဓိပ္ပာယ်ရှိတဲ့ လက်ဆောင်တစ်ခုဖြစ်လာမယ်လို့ သူမယုံကြည်ပါသည်။ ဟော်ယွီစန်သဘောကျလိမ့်မည်ဟုလည်း မျှော်လင့်ခဲ့သည်။

သူမသည်တည်ဆောက်ပြီးစီးပြီးနောက် လေယာဉ်ကိုသေတ္တာထဲတွင် ထည့်ထားလိုက်သည်။ ဟော်ဝူ သည် နှစ်သစ်ကူးအကြိုညစာစားပွဲအပြီးလက်ဆောင်ပါရှိသောသေတ္တာလေးကို ဟော်ယွီစန်ဆီသို့ယူလာခဲ့သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now