Chapter 211-215

3.3K 331 2
                                    

အခန်း ၂၁၁

ဟော်ဝူweiboကို ပိတ်ပြီးပြီးချင်း ဖုန်းဝင်လာသည်။

ဟော်ဝူကြည့်လိုက်တော့ ဂူယန်းခေါ်နေတာဖြစ်၏။

ဖုန်းကိုင်လိုက်တော့ ဂူယန်းအသံ ပေါ်ထွက်လာသည်။ ”ညီမလေး၊ Weiboက ရှာဖွေမှုစာရင်းတွေ့ပြီးပြီလား”

“အင်း”

ဖုန်းတစ်ဖက်ကနေ ဂူယန်းက ဂုဏ်ယူစွာနဲ့ပြော၏။ ”စိတ်မပူနဲ့။ ခု ဘယ်သူမှ လာမနှောင့်ယှက်ရဲတော့ဘူး”

ဟော်ဝူ တိတ်တိတ်လေး ပြုံးလိုက်သည်။ ကမ္ဘာပေါ်မှာ ဘာကိုမှမတွေး၊ သေရမှာမကြောက်တဲ့ သူတွေတော့ရှိတာပဲ။ သူ့ကို ရန်စချင်နေတဲ့သူတွေက ထပ်ပြီးစအုံးမှာပဲ။ ဒါပေမယ့် ဒီလိုမျိုး ဂူယန်းကိုပြောလို့မဖြစ်ဘူး။ သူ့အပျော် ပျက်သွားမှာစိုးလို့။သူမခဏစဉ်းစားပြီး စပြောလိုက်သည်။ ”အရင် အကိုကြီး တခုခုလုပ်ပေးနိုင်မလား”

စောနက ကစားကွင်းက ကိစ္စကြောင့် ဂူယန်းက ဟော်ဝူအပေါ် မကာကွယ်လိုက်နိုင်လို့ အပြစ်ရှိသလို ခံစားနေရတာ။ သူမ အခု အကူအညီတောင်းလာတော့ သူကချက်ချင်းပဲ ”ဒါပေါ့၊ ဓားတောင်ပေါ်တက်ခိုင်းပြီး မီးပင်လယ်ကိုဖြတ်ခိုင်းရင်တောင် ငါလုပ်ပေးမယ်”

ဂူယန်းက ရုပ်ရှင်ထဲကစကားတွေကို ပြန်ရေရွတ်နေလို့ ဟော်ဝူပြုံးလိုက်သည်။

“အရင်ဆုံး ညီမ “မီးခိုးတိမ်” “မောက်မာတဲ့ ဘုရင့်ကိုယ်လုပ်တော်”နဲ့ ”မြောက်ပိုင်းပုလွေ” အဲ့ကားတွေရဲ့ မင်းသမီးနေရာလိုချင်တယ်”

အရင်ဘဝတုန်းက ဟော်ယွီချင်းက အဲ့ရုပ်ရှင်၂ကားနဲ့ ဇာတ်လမ်းရှည်တစ်ကားမှာ သရုပ်ဆောင်ပြီး ပေါက်သွားခဲ့သည်။ ”မီးခိုးတိမ်”ဆိုတဲ့ကားနဲ့ ဟော်ယွီချင်းက ”ချင်းလင်းရုပ်ရှင်ပွဲတော်”မှာ သရဖူ ဆွတ်ခူးခဲ့သည်။

ဒီတစ်ခေါက်တော့ သူ့ကို ဒီလိုအခွင့်အရေးမျိုးမပေးတော့ဘူး။ကစားကွင်းက အဖြစ်အပျက်အတွက် လျော်ကြေးအနေနဲ့ ဟော်ယွီချင်းပိုင်ဆိုင်သမျှအားလုံးကို သူမအပိုင်စီးရမည်။

သူမပြန်မလုပ်ဘူးလို့ ဟော်ယွီချင်း ထင်နေတာလား။

ခုသူ့မှာ နောက်ခံရော အဆက်အသွယ်ရောရှိပြီ။ထပ်ပြီး ဟော်ယွီချင်းရဲ့အနိုင်ကျင့်ခံရရင် သူမရယ်စရာဖြစ်နေမှာပေါ့။

ဟော်ဝူက စည်းမျဉ်းစည်းကမ်းအတိုင်းပဲ။ ငါ့ကိုလာမလုပ်ရင် ငါလည်း ပြန်မလုပ်ဘူး။ တစ်ယောက်ယောက်က လာထိရင်တော့ ရိုးရိုးပြန်မလုပ်ဘူး။ ပိုပြီးပြင်းပြင်းထန်ထန် လက်တုန့်ပြန်တတ်သည်။ အခုကတော့ ဟော်ယွီချင်း နာမည်ကြီးသွားစေနိုင်မယ့် အရင်းအမြစ်တွေကို ယူပစ်ဖို့က သူမရဲ့ပြန်တုန့်ပြန်ဖို့ ပထမဆုံးနည်းလမ်းပဲ။

ဂူယန်းက တစ်ဖက်ကနေ ချက်ချင်းသဘောတူလိုက်သည်။ ”အဲ့ဒါကို တောင်းဆိုတာလား။ လွယ်ပါတယ်။ စိတ်မပူနဲ့။ ငါလုပ်ပေးမယ်။ ဒါပေမယ့် အကုန်လုံးရိုက်ဖို့က ညီမလေး မပင်ပန်းဘူးလား”

“အကိုကြီး ငါစိတ်မပူပါဘူး။ အဲ့အတွက်စိတ်မပူပါနဲ့” ဟော်ဝူအဲ့၃ကားလုံး မရိုက်ပါဘူး။ အဲ့ထဲကတစ်ကားကို သူမအမြင်ကျနေတဲ့ တစ်ယောက်ယောက်ကို ပေးမည်။ ”နာကျင်မှု”ဆိုတဲ့ကားရဲ့ဇာတ်ဆောင်က မဆိုးဘူး။ သူမကိုယ်တိုင် သရုပ်မဆောင်တောင် ဟော်ယွီချင်းကို မပေးဘူး။ ဒီနှစ်အတွက်ကတော့ အဲ့၃ကားက အကောင်းဆုံး ဇာတ်ညွှန်းတွေပဲ။ နောက်ကားတွေကတော့ ဟော်ဝူသရုပ်ဆောင်တောင် ပေါက်မှာမဟုတ်ဘူး။

“ကောင်းတယ်”ပြောပြီး ဂူယန်းက တစ်ခုခုတွေးမိပြီး ”ဒါနဲ့ ညီမလေး တစ်ယောက်ယောက်က အဲ့အမျိုးသမီးနှစ်ယောက်ကို လုပ်ခိုင်းတာ။ သူတို့သူများဆီက ပိုက်ဆံလက်ခံရတယ်တဲ့။ အဲ့တာကြောင့် ညီမလေးကို ဒီလိုအပုပ်ချတာ”

အဲ့တာကိုကြားတော့ ဟော်ဝူက ”အကိုကြီး နောက်ကွယ်က ဘယ်သူလဲ”

“ရှန်းဟွေဆိုတဲ့ ယောကျာ်းတစ်ယောက်ပဲ။ ဒါပေမယ့် ဒီကိစ္စက အမှုကြီးမဟုတ်တော့ သူ အချုပ်၁ရက်၊ ၂ရက်ကျပြီး ပြန်လွတ်လာမှာပဲ”

ဂူယန်းပါးစပ်ကနေ ရှန်းဟွေဆိုတဲ့ နာမည်ထွက်လာတော့ ဟော်ဝူ မအံ့ဩပါဘူး။

ရှန်းဟွေက ဟော်ယွီချင်း လက်ခုပ်ထဲကရေပဲ။ သူကနယ်ရုပ်လေးပေမယ့် သူလည်း လုံးဝဖြူစင်တဲ့သူတော့ မဟုတ်ဘူး။

ဟော်ယွီချင်းကမှ တကယ့်အချုပ်။ သူကကြံရာပါ။

ဟော်ဝူ ရုပ်တည်သွားပြီး “အကိုကြီး သူ့ကိုလျှော့မပေးနိုင်ဘူး”

ဂူယန်းကချက်ချင်း ”အိုကေ ငါ့လက်ထဲအပ်ထားလိုက်။ ငါလုပ်ပေးမယ်”

ဂူယန်းအတွက် ရှန်းဟွေရဲ့အနာဂတ်ကို ခက်ခဲအောင်လုပ်တာက လွယ်လွယ်လေးပဲ။ ဂူယန်းကတိပေးတာကိုလည်း ဟော်ဝူနည်းနည်းလေးမှ စိတ်မပူပါဘူး။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now