Chapter 216-220

3.5K 282 2
                                    

အခန်း ၂၁၆

ခုဖြစ်ပျက်သွားတာတွေကို ဟော်ဝူ စဉ်းစားတွေးတောနေတုန်း ဟော်ယွီစန် ဆက်ပြောသည်။ ”ငါသူ့ကို မြန်မြန် နိုင်ငံခြားပို့လိုက်မယ်။ သူအထက်တန်းဘွဲ့မရခဲ့ဘူးလေ။ နိုင်ငံခြားမှာ စာဆက်သင်ခိုင်းမယ်။”

ဟော်ဝူကြားတော့ အံ့ဩသွားသည်။ ”ကိုကို၊ အဆင်ပြေရဲ့လား”

ဘာပဲဖြစ်ဖြစ် ဟော်ယွီချင်းက သူ့ညီမပေမယ့် ခုနိုင်ငံခြားပို့ပြီး ရုပ်ရှင်လောကထဲက ထွက်ခိုင်းမယ်တဲ့။ဟော်ယွီချင်းရဲ့ဆန္ဒနဲ့ ဟော်ယွီအွာရဲ့ သဘောကိုလည်း ထည့်စဉ်းစားရအုံးမည်။ ကိစ္စတွေ ချောချောမွေ့မွေ့ပြီးပါ့မလား။ ဟော်ယွီအွာရှေ့မှာ ဟော်ယွီချင်း ငိုပြလိုက်ရင် ဒီအစီအစဉ်က ပျက်သွားမှာပဲ။

ဟော်ယွီစန်က သူမလက်ကို ပွတ်သပ်နေခဲ့သည်။ သူမမေးခွန်းကို ကြားတော့ ယဲ့ယဲ့ပြုံးရင်း ”အဆင်ပြေတယ်။ မြန်မြန်ဖြစ်အောင် လုပ်လိုက်မယ်။ အကြာဆုံး၃ရက်ပဲ”

၃ရက်...

၃ရက်က အကြာဆုံးတဲ့။

“ကိုကို့ကို ဖေဖေအပြစ်တင်မှာပေါ့”

တဇွတ်ထိုးလုပ်လို့ အပြစ်တင်မှာလား။

ညီမလေးကို မစောင့်ရှောက်လို့ အပြစ်တင်မှာလား။

ဟော်ယွီစန်အသံ တဖြည်းဖြည်း ထွက်လာသည်။ ”အဖေဘယ်လိုတွေးတွေး အရေးမကြီးပါဘူး။ ငါ့အတွက် အရေးကြီးဆုံးကို ငါသိနေသရွေ့ အဆင်ပြေပါတယ်။”

သူ့ရဲ့အဖြေကိုကြားတော့ ဟော်ဝူလွှတ်ခနဲ မေးမိသွားသည်။ ”အဲ့ဆို ကိုကိုအတွက်ဘာက အရေးကြီးဆုံးလဲ”မေးလိုက်ပြီးမှ ဟော်ဝူနည်းနည်း ရှက်သွားသည်။ သူမ မြန်မြန်မေးလိုက်မိသည်။ သူမ အရမ်းဂရုစိုက်သလို ဖြစ်သွားသည်။ တကယ်တော့လည်း သူမဂရုစိုက်သည်။ 

ဟော်ယွီစန်ပြုံးလိုက်ပြီး ပြိုးပြိုးပျက်ပျက် သူ့မျက်လုံးတွေမှာ ပြုံးရိပ်သန်းသွား၏။ သူမနားကို ကပ်လာပြီး သူ့ရဲ့အသက်ရှုသံက သူမနားအနားမှာဖြာထွက်လာသည်။ သူ့ရဲ့အသံက နူးညံ့လွန်းလို့ တီးတိုးပြောနေသလိုပဲ ”မင်းတကယ် မသိဘူးလား”

ဟော်ဝူ နှုတ်ခမ်းကိုစေ့ထားသည်။

လွန်ခဲ့တဲ့လတွေတုန်းက ဟော်ယွီစန်ရဲ့ဒီလိုပုံစံကိုသူမစိတ်ကူးတောင် မယဉ်ဖူးဘူး။

ရင့်ကျက်တယ်၊ တည်ငြိမ်တယ်၊ မိုက်တယ်ဆိုတဲ့သူ့ရဲ့ပုံရိပ်မျိုး သူမမှာရှိသည်။ သူကကောင်းကင်ထက်က ဝေးကွာနေတဲ့ပုံရိပ်မျိုး။ သူမနဲ့တွေ့တဲ့အခါ အလှမ်းကွာဝေးမှုက နည်းနည်းနီးစပ်သွားပေမယ့်လည်း ခုလိုတော့မဟုတ်ဘူး။ သူ့ရဲ့အပြုံးက တခါတရံစနောက်သလို တခါတရံ နိုင့်ထက်စီးနင်းသလို။ သူ့ရဲ့အသံက ညှို့နိုင်စွမ်းရှိပြီး သူမကို တစ်ခါတလေ စနောက်နေကျ။

ဟော်ယွီစန် ပြုံးရယ်လိုက်ပြီး သူမနားတိုးကာ တစ်လုံးချင်းပြောသည်။ ”အဲ့ဒါမင်းလေ။ ငါ့အတွက် မင်းက အရေးကြီးဆုံးပဲ။”

ဟော်ယွီစန်ပြောပြီး သူစိတ်ထဲကနေ သက်ပြင်းချသည်။ ဟော်ဝူက ညီမအရင်းမဟုတ်တာ ကံကောင်းသည်။ 

သွေးသားရင်းမဟုတ်တော့ သူတို့တရားဝင် အတူရှိလို့ရသည်။

ဒါပေမယ့် တကယ့် မောင်နှမသာဆိုရင်တောင် သူမမထိခိုက်အောင် သူက ”ဝဋ်ကြွေးကိုငါခံမယ်။ ငါငရဲသွားမယ်”လို့ ပြောကောင်းပြောမှာ။

ဒီကမ္ဘာမှာ သူအတူရှိချငိတဲ့သူက..

အစကနေအဆုံးထိ ဟော်ဝူတစ်ယောက်ထဲပဲ။

အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူပေးမသွားဘူး။

ဟော်ဝူရှက်ပြီး ဟိုဘက်လှည့်သွားသည်။ ”ကိုကို ခုဘယ်သွားနေတာလဲ”

“လိုင်းပေါ်က ဆွေးနွေးပွဲတစ်ခု တက်မလို့” ပြောပြီး ဟော်ယွီစန်က ”နောက်ပိုင်း ဒီလိုပွဲမျိုး မင်းနဲ့တက်မယ်လို့ ပြောခဲ့တယ်”

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now