အခန်း၅

3K 345 6
                                    

တကယ်ကို မယုံနိုင်စရာကောင်းပေမယ့် 'ပင်လယ်ဘုရင်' ကျီရှင်းရှင်းဟာ သူမရဲ့ဘဝတစ်လျှောက်လုံး ရည်းစားမထားခဲ့ဖူးပေ။  ဆိုလိုတာက ကျီရှင်းရှင်းကို လက်ထပ်ခွင့်တောင်းမဲ့ စုန့်ရှီးယွီဟာ သူမရဲ့ချစ်သူတောင် မဟုတ်ပါဘူး။

ကျီဖန်ယင်း၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားပြီ။ ရှိုး​ကောင်း​ကောင်းတစ်ခုကြည့်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

'ပင်လယ်ဘုရင်' ကို အခြား 'ပင်လယ်ဘုရင်' ကသာ နားလည်နိုင်သည်။ ကျီရှင်းရှင်းသည် စုန့်ရှီးယွီ၏ပရိုပိုစ့်ကို လက်ခံမည်မဟုတ်ကြောင်း ကျီဖန်ယင်း
သေချာသိသည်။

စုန့်ရှီးယွီသည် နှင်းဆီပန်းစည်းနှင့် ကျီရှင်းရှင်းရှိရာသို့ လျှောက်လာပြီး ဒူးထောက်လိုက်​ပြီး အခန်းတွင်းရှိ မိန်းကလေးများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

'ပင်လယ်ဘုရင်' ငါးများကို မွေးမြူသောအခါ အ​ရေးကြီးဆုံးသော ကိစ္စသည် ငါးဖမ်းလုပ်ငန်းကြီး ကျယ်ပြန့်ဖို့မဟုတ်ဘဲ ငါးများကြားတွင် ဘက်လိုက်မှုကင်းမဲ့ဖို့ပင်ဖြစ်သည်။

ငါးများစွာကို တစ်ပြိုင်နက် မွေးမြူခြင်းသည် ပြဿနာမဟုတ်သော်လည်း တစ်ဦးတည်းအပေါ် ဘက်လိုက်ပြလိုက်လျှင် လှေမှောက်သွားမည်ဖြစ်သည်။

'ပင်လယ်ဘုရင်' တစ်​ပါးအနေဖြင့် ကျီရှင်းရှင်းသည် ဒီသဘောတရားကို နားမလည်နိုင်စရာအကြောင်းမရှိပေ။

ထို့ကြောင့်၊ ကျီရှင်းရှင်းသည် မျက်နှာတွင်အပြစ်ရှိစိတ်အပြည့်ဖြင့် စုန့်ရှီးယွီကိုတောင်းပန်စကား ပြောလိုက်ပြီး နှင်းဆီပန်းစည်းကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပါသည်။

စုန့်ရှီးယွီသည် လူကြီးလူကောင်းတစ်ဦးဖြစ်သောကြောင့် လက်ထပ်ခွင့်​​တောင်းသည်မှာ မအောင်မြင်သည့်တိုင် သူချစ်သောအမျိုးသမီးကို အခက်အခဲဖြစ်စေမည်မဟုတ်ပေ။ သူ တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီး ဝမ်းနည်းနေသော အကြည့်ဖြင့် ခန်းမထဲမှ ထွက်သွားသည်။

ထိုကဲ့သို့သောအဖြစ်အပျက်ပြီးနောက်၊ ပွဲ၏အငွေ့အသက်သည် ယခင်ပေါ့ပါးသောခံစားချက်ကို ပြန်ပြောင်းရန် ခဲယဉ်းသွားသည်။  သိပ်မကြာခင်မှာပဲ ကျီရှင်းရှင်းဟာ အဝတ်လဲဖို့ ဟူသော အကြောင်းပြချက်ဖြင့် ထွက်သွားခဲ့ပါတယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now