အခန်း၂၃

2.3K 289 0
                                    

ကျိုးချီက သူမကို အိမ်​ပြန်ပို့ချင်ပေမဲ့ ကျီဖန်ယင်းက “ကျွန်မ အိမ်မပြန်သေးဘူး”ဟု ငြင်းဆိုခဲ့ပါတယ်။

"အင်းပါ..." ကျိုးချီ အနည်းငယ် စိတ်ပျက်သွားသည်။  "ဒါဆိုဘယ်သွားမလို့လဲ။ ကျွန်တော်လိုက်ခဲ့လို့ရလား။"

ကျီဖန်ယင်းက ခဏလောက်စဉ်းစားပြီး သူ့ကို ရိုးသားစွာ အကြံပေးလိုက်သည် "ကျွန်မသွားမဲ့နေရာကို ရှင်သ​ဘောမကျလောက်ဘူး"

သူမသည် အနောက်တိုင်း စားသောက်ဆိုင်ကို လှည့်ပတ်ကြည့်တုန်းက အနီးအနားတွင် ​DVDအရောင်းဆိုင်တစ်ခု ရှိသည်ကို သူမ သတိပြုမိသည်။ ခုခေတ်သည် ဒစ်ဂျစ်တယ်ခေတ်ဖြစ်သောကြောင့် DVD​​ခွေအရောင်းဆိုင်များသည် မြန်ဆန်စွာ ပျောက်ကွယ်သွားခဲ့​ကြသည်။

သရုပ်ဆောင်တစ်ဦးဖြစ်သော ကျီဖန်ယင်းတွင်လည်း DVDအခွေများကိုစုဆောင်း​သော ဝါသနာရှိပါသည်။  လူအများစုတို့၏စာအုပ်စင်များတွင် စာအုပ်များ၊ ရှေးဟောင်းပစ္စည်းများနှင့် သူတို့ကိုယ်ပိုင်ပစ္စည်းများဖြင့်ပြည့်နေတတ်သော်လည်း သူမသည်တော့ DVDနှင့်တိပ်ခွေများဖြင့်သာ ပြည့်​နေခဲ့သည်။ ထိုအရာများကို စုဆောင်းသူရဲ့အမြင်အရတော့ သူမမှာရှိတဲ့အရာတွေက အရမ်းတန်ဖိုးရှိပါသည်...

… ဒါပေမယ့် ဒါတွေအားလုံးက သူမရဲ့ အရင်ဘဝတုန်းကပါပဲ။

သူမသည် အင်တာနက်မှာ စစ်ဆေးခဲ့ပြီး ကမ္ဘာနှစ်ခုလုံးတွင် တူညီမှုအချို့ရှိသော်လည်း ဒီကမ္ဘာတွင် သူမ၏ယခင်ကမ္ဘာတွင်မရှိသော ထူးထူးခြားခြားရုပ်ရှင်များစွာရှိပုံရသည်။ ဒီနေရာတွင် ရတနာသိုက်တစ်ခု ရှိနေကြောင်း သိရှိလိုက်ရသောအခါ သူမသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့ပြီ။

"စိတ်မပူပါနဲ့၊ ကျွန်တော် စိတ်ဝင်စားတဲ့အရာတွေက အများကြီးပဲ" ကျိုးချီက ဆက်ပြီ  “မစမ်းကြည့်ရသေးဘဲ ကြိုက်၊ မကြိုက်ဆိုတာ ပြောရခက်တယ်။”

ကျိုးချီသည် သူ့ကားကို လမ်းဘေးတွင် ရပ်ထားသည်ကို မြင်လိုက်ရသဖြင့် ကျီဖန်ယင်းက သူ့ကို အတင်းကြီး ငြင်းဆိုရန် အကြောင်းပြချက်မရှိဟု ခံစားမိပြီး “ဒါဆိုလည်း ဟုတ်ပြီလေ။”

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now