အခန်း၇၈

1.4K 217 1
                                    

ဘိုင်ကျိုးက အချိန်အတော်ကြာပြီးနောက် စကားပြောလာသည်။

သူသည် "ငါ့အဖေမှာ တရားမ၀င် သားတစ်ယောက်ရှိတယ်တဲ့။" ဟူသော သတင်းထူးကို ထုတ်ပြောလာသည်။

ကျီဖန်ယင်းက သိပ်ပြီး မအံ့သြသော်လည်း မျက်လုံးပြူး​ကာ "ဘယ်လိုဖြစ်တာလဲ။ ဒီ​နေ့မှ​သိ​လာ​တာ​လား။"

"သူက ငါ့ထက် သိပ်တောင်မငယ်ဘူး။" ဘိုင်ကျိုးက လှောင်ပြောင်ကာ "သူက အဘိုးကြီးနဲ့ တစ်ပုံစံတည်းပဲ။ အတွင်းရေးမှူးလီက ဒီနေ့ အဘိုးကြီးက ငါ့ကိုမိတ်ဆက်ပေးစရာ လူနှစ်ယောက်ရှိတယ်လို့ပြောတုန်းက အရေးကြီးတဲ့လူတွေလို့ ထင်ခဲ့တာ။ တကယ်မိတ်ဆက်ပေးတာက သူ့အငယ်အနှောင်းနဲ့ တရားမ၀င်သားနဲ့လေ။"

ကျီဖန်ယင်း : 'သေချာပေါက် အထက်တန်းလွှာအသိုင်းအဝိုင်းက ရှုပ်ထွေးတာပေါ့။'

"ငါတစ်ယောက်တည်းပဲ အမွေဆက်ခံသူပါတဲ့…" ဘိုင်ကျိုးက လှောင်ပြောင်ပြီး  "သူ့ရဲ့ပိုက်ဆံ​တွေနဲ့သာဆို သူတို့နှစ်ယောက် တစ်သက်လုံး ကောင်းကောင်းနေနိုင်မှာပဲကို။"

ကျီဖန်ယင်းသည် လုံးဝမအံ့သြပါပေ။

ဘိုင်ကျိုး၏မိဘများကဲ့သို့ စုံတွဲတစ်တွဲဟာ အိမ်ထောင်​ရေးကိစ္စများကို မျက်ကွယ်ပြုဖို့ သဘောတူလိုက်တဲ့အခါ၊ တစ်ယောက်မဟုတ် တစ်ယောက် တရားမ၀င်ကလေးရှိတတ်ကြပါသည်။

တရားမ၀င်ကလေးများသာ အမွေများကို စိတ်မဝင်စားလျှင် ကံကောင်းတာသာဖြစ်ပြီး အများစုသည်တော့ အမွေများကို လုကြပါသည်။ ကျီဖန်ယင်း သူမရဲ့အရင်ကမ္ဘာမှာ ဒါမျိုးတွေကို အများကြီးတွေ့ဖူးတယ်။

"သူတို့ကို ငါနဲ့တောင် လာမိတ်ဆက်ပေးတယ်ဆိုတော့ 'အမေ' နဲ့ 'ညီလေး' လို့ခေါ်စေချင်​နေတာလားပဲ။" ဘိုင်ကျိုး ခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။  "ဒီနေ့ သူသာ ငါ့ရှေ့မှာ ပေါ်လာခဲ့ရင် သေချာပေါက် ထိုးခဲ့မှာ။"

သူမ နားလည်သွားပြီ။ ဒါက ဒီနေ့ ဘိုင်ကျိုး ရန်ဖြစ်တဲ့ အကြောင်းရင်းပေါ့။

ကျီဖန်ယင်း စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

သူမသာဆိုရင် သူ့ရဲ့စိတ်ပျက်စရာကောင်းတဲ့ မိဘတွေနဲ့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခေါင်းထဲထည့်ပြီး ဂရုစိုက်နေမှာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် အချိန်ဖြုန်းနေတာသာ ဖြစ်လိမ့်မည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now