အခန်း၁၇၇

852 135 1
                                    

ကျီဖန်ယင်းက ၉ နာရီမှာ အလုပ်ဆင်းတာက ကျိုးကြောင်းဆီလျော်သည်ဟု တွေးသည်။ ညသန်းခေါင်မှ အိမ်ပြန်ရတာထက်စာရင် ပိုကောင်းပါသည်။

အက ဘိုင်ကျိုးသည် သူမ၏လျှာစောင်းထက်မှုမှာ ချုပ်နှောင်မိနေသော်လည်း သူသည် နောက်သုံးနာရီအတွင်း သူမကို များစွာဒုက္ခမပေးခဲ့ပေ။ သူသည် ထူးထူးခြားခြား လိမ္မာနေပြီး သူမပြောသမျှကို ညည်းညူခြင်းမရှိ၊ လိုက်လုပ်ပေးခဲ့သည်။ အစားချေးများတာတောင် ဟင်းသီးဟင်းရွက်တွေကိုတောင် ကုန်အောင်စားခဲ့သည်။

သုံးနာရီကျော်ကြာအောင် စကားကို အများ​ကြီးမပြောခဲ့ပေ။

သူ့ကို ဖောက်သည်များထဲမှ ထုတ်ပစ်နိုင်သည်ဟူသောအတွေးကြောင့် ထိတ်လန့်နေတာဖြစ်မည်ဟု ကျီဖန်ယင်းက တွေးလိုက်သည်။

ဘိုင်ကျိုးသည် တံခါးပေါက်နားက ထိုင်ခုံပေါ်တွင်ထိုင်ကာ ဘွတ်ဖိနပ်ကိုစီးနေသော သူမကို သိပ်မဝေးလွန်းသော​နေရာမှ စိုက်ကြည့်နေသည်။

သူမ ဖိနပ်ကိုသေချာဝတ်ပြီးနောက် ပေါ့ပေါ့တန်တန်မတ်တပ်ရပ်လိုက်ပြီး ဘိုင်ကျိုးဆီကို လှည့်ကာ "မင်းမှာ သုံးဖို့ ပိုက်ဆံအလုံအလောက်​ရှိသေးလား"ဟု မေးလိုက်တယ်။

ဘယ်လိုပဲဆိုပါစေ ဘိုင်ကျိုးက ကျောင်းသားဖြစ်နေတုန်းပင်။ သူ့မိသားစုက ဘယ်လောက်ပဲချမ်းသာပြီး သူ့ကို ဘယ်လောက်ပဲ ဂရုမစိုက်ပါစေ၊ သူ့ဘဏ်အကောင့်ထဲက ငွေသန်းပေါင်းများစွာ ထွက်သွားတဲ့ကိစ္စကိုတော့ စိုးရိမ်လောက်မှာပဲ။

မစ္စစ်ဘိုင် ယွမ်သန်း ၈၀၀တန်ချက်လက်မှတ်ကို ကိုင်ကာ တံခါးလာခေါက်မလားဟူသော ဖြစ်နိုင်ချေကို သူမစဉ်းစား​ကြည့်ခဲ့သည်။ ဒီလိုအခြေအနေမျိုးသာ တကယ်ဖြစ်လာခဲ့ရင် သူမရဲ့တုံ့ပြန်မှုကတော့ ချက်လက်မှတ်ကို ယူပြီး ဘိုင်ကျိုးဆီကနေ ထွက်သွားဖို့ပါပဲ။

ဘိုင်ကျိုးက "မင်းနဲ့မဆိုင်ဘူး။"

ကျီဖန်ယင်းက အဲဒါကို တစ်ချက်လောက် စဉ်းစားလိုက်ကာ တကယ်လည်း သူ့ကိစ္စမဟုတ်ဘူးဟု ဆုံးဖြတ်လိုက်သည်။

ဘိုင်မိသားစုသာ သူမတို့၏အရောင်းအ၀ယ်ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်စရာများရှိလျှင် တစ်ခုခုလုပ်မည်ဖြစ်သည်။ နောက်ဆုံး သူမ တံခါးကိုလာခေါက်လျှင်တောင် သူမ ဖြေရှင်းနိုင်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now