အခန်း၁၅၂

982 140 1
                                    

ကျီဖန်ယင်းသည် ကြက်ဥBenedictကို ပျော်ရွှင်စွာ စား​သောက်နေသည်ကို ကြည့်ရင်း၊ စုန့်ရှီးယွီသည် ကျီရှင်းရှင်းနှင့် ကျီဖန်ယင်းကို မရောထွေးတော့ကြောင်းကို သတိထားမိလိုက်သည်။

ထူးဆန်းတယ်။

သူသည် အရင်က ကျီဖန်ယင်း၏သရုပ်ဆောင်မှုများအပေါ် ကျဆုံးခဲ့ပြီး မကြာခဏဆိုသလို သူမ သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ လွယ်လွယ်ကူကူ လှည့်စားနိုင်ပုံကို စိတ်တိုခဲ့သည်။ အခုချိန်တွင်တော့...

ခရစ္စမတ်ကို အတူတူဖြတ်သန်းပြီးကတည်းက ဒီလိုမျိုး စတင်မှားယွင်းခြင်း မရှိခဲ့တော့သည်။ ကျီဖန်ယင်း၏ အမူအရာနှင့် အသံသည် ကျီရှင်းရှင်းနှင့် တူညီနေသေးသော်လည်း ယခုတွင် သူတို့နှစ်ယောက်ကို မသိစိတ်မှ တစ်နည်းနည်းဖြင့် ခွဲခြားနိုင်ခဲ့ပြီဖြစ်သည်။

ထို့အတူ ကျီဖန်ယင်းအကြောင်းကိုလည်း သူအနည်းငယ်သာ သိထားသည်ကို နားလည်လာသည်။

ကျီဖန်ယင်း ဘာကြိုက်လဲ၊ ဘာမကြိုက်လဲ။ ငါနဲ့အတူမရှိတဲ့အချိန် သူမ ဘာ​တွေများလုပ်​နေမလဲ။ သူမ ဘာတွေးတတ်လဲ။ သူငါ့ကို ဘာလို့ ကြိုက်ခဲ့တာလဲ။ ဘာလို့ ကျီရှင်းရှင်းကို အစားထိုး​ပေးဖို့ကို သူလက်ခံခဲ့တာလဲ။

စုန့်ရှီးယွီသည် ထိုမေးခွန်းများ၏ အဖြေကိုမသိပေ။

သူသည် သူမထံမှ အဖြေကို ရရှိရန် ကြိုးစားသော်လည်း သူ ဘာမေးမေး ကျီရှင်းရှင်း၏ တုံ့ပြန်မှုအတိုင်းသာ ပြန်ဖြေသည်။

ကျီဖန်ယင်းသည် သူ့ရှေ့တွင် ထိုင်ကာ ညင်သာစွာ ပြုံးနေသည်။ သို့သော် သူမသည် လက်လှမ်းမမီသောနေရာတစ်ခုမှ ရေခဲအလွှာအောက်တွင် ရှိနေသကဲ့သို့ ခံစားရသည်...

မဟုတ်ဘူး၊ အခု ငါ့ရှေ့မှာထိုင်နေတဲ့လူက 'ကျီရှင်းရှင်း'ပဲ။

ဒီအတွေးသည် စုန့်ရှီးယွီ၏စိတ်ထဲတွင် ပျံ့လွင့်လာချိန် သူသည် မသိစိတ်က လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။ အသက်ပြင်းပြင်းရှူပြီး ကျီဖန်ယင်းအကြောင်း သူသိထားသမျှကို ပြန်မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now