အခန်း၁၈

2.4K 294 1
                                    

အပြန်လမ်းတွင် ကျီဖန်ယင်းသည် စုန့်ရှီးယွီ၏ စိတ်ခံစားချက်အတက်အကျကို စစ်ဆေးရန် 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' အက်ပ်ကို ဖွင့်လိုက်သည်။

သူမသည် အလုပ်ချိန်အတွင်း စည်းကမ်းရှိပြီး ဖုန်းနှင့် ဝေးဝေးနေခဲ့သည်။ ထို့ကြောင့် စုန့်ရှီးယွီနှင့် မနက်အစောပိုင်းက တွေ့ပြီးကတည်းက ဖုန်းကို အခုပထမဆုံးအကြိမ်ကြည့်တာဖြစ်သည်။

သူမ ပထမဆုံး သတိပြုမိတာကတော့ ဘိုင်ကျိုးကြောင့် အပြောင်းအလဲ တစ်ခုခုဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။  အောက်ကို ဆက်ကြည့်လိုက်တော့ ကျီဖန်ယင်းဟာ တစ်နေ့တာလုံး စုန့်ရှီးယွီ ဖြတ်သန်းခဲ့ရသည့် ရိုလာကိုစတာကဲ့သို့ ခံစားချက်များကို အံ့သြသွားတယ်။ မှတ်တမ်းအားလုံးပေါင်း ဒါဇင်ပေါင်းများစွာ ရှိ​နေခဲ့ပါတယ်။

အများဆုံးရရှိသည့်ပမာဏမှာ ချောကလက်စက်ရုံတွင် ရှိ​နေခဲ့သည့်အချိန်နှင့် ပြန်ခါန သူ့အား မွေးနေ့လက်ဆောင် စပရိုက်တိုက်ခဲ့ခြင်းပင်ဖြစ်သည်။

သူမမျှော်လင့်ထားတဲ့အတိုင်းပါပဲ။

သို့သော် သူမဆေးကြောပြီး ကုတင်ပေါ်တွင် လဲလျောင်းပြီးနောက် အက်ပ်ကို တစ်ချက်စစ်ကြည့်ရာ မှတ်တမ်းတစ်ခု တိုးလာသည်ကို သတိပြုမိခိုက်သည်။

【စုန့်ရှီးယွီ: စိတ်ခံစားချက်အမှတ် တစ်သိန်း】

ကျီဖန်ယင်း ထိုမှတ်တမ်းကို မြင်သောအခါ အနည်းငယ် ရယ်မောလိုက်သည်။

ဒီအချိန်မှာ ထိုကဲ့သို့ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အတက်အကျရှိတယ်ဆိုတော့ စုန့်ရှီးယွီ သတိပြန်ဝင်လာပြီ ဖြစ်နိုင်သည်။

ကျီဖန်ယင်းသည် သူမ၏ဖုန်းကို 'Do Not Distrub' မုဒ်သို့ပြောင်းလိုက်ပြီးနောက် အိပ်ယာဘေး စားပွဲပေါ်တွင်တင်လိုက်ကာ အိပ်ရာဝင်လိုက်တော့သည်။

စုန့်ရှီးယွီသည် ကျီမိသားစုစံအိမ်မှ ထွက်ခွာလာစဉ်တွင် ထိုအချိန်မှတ်စက်၏ ဘေးရန်ကိုရှောင်ချင်နေသကဲ့သို့ လီဗာကို မသိစိတ်မှ နင်း​နေခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now