အခန်း၂၆

2.4K 292 0
                                    

ကျီဖန်ယင်းသည် သူမစိတ်ထဲတွင်ရှိနေသည့် အစီအစဉ်များကို အကဲဖြတ်ရန် အချိန်အနည်းငယ်ယူခဲ့ရသည်။  နောက်ဆုံးတွင်၊ သူမသည် ကား၏bluetoothကို သုံးကာ စုန့်ရှီးယွီကိုခေါ်ဆိုလိုက်သည်။  “ငါအခုအားနေတယ်။ ဟိုတနေ့က နင်ငါ့ကိုဖုန်းဆက်တာ ကြိုချိန်းချင်လို့လား။"

“…” စုန့်ရှီးယွီ၏ အသံသည် ပုံမှန်ထက် ပိုနက်နဲကာ ပြတ်သား​နေသည်။  "မင်းမှာဘာအလုပ်ရှိလို့လဲ။ တခြားယောက်ျားတွေနဲ့ ပရောပရည်လုပ်တာလား။”

"ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို နင့်ကိုရှင်းပြဖို့ မလိူဘူးလို့ ထင်တာပဲ။"ဟုပြောရင်း ကျီဖန်ယင်းသည် လမ်းပေါ်ရှိ ကားပါကင်အလွတ်တစ်ခုတွင် သူမကားကိုရပ်ရင်းပြောလိုက်သည်။ "ဒါပေမယ့်လည်း နင်အတွေးလွန်နေမှာစိုးလို့ နင့်မေးခွန်းကို ငါဖြေပေးလိုက်မယ်။ ငါလောလောဆယ် အချစ်ဇာတ်လမ်းတွေလုပ်ဖို့ စိတ်မဝင်စားဘူး"

စုန့်ရှီးယွီ တိတ်ဆိတ်သွားသည်။

“အခု ၉နာရီရှိ​နေပြီ” ဟု ပြောသည်။  "ချက်ချင်း ဘားမှာ ငါ့ကိုလာတွေ့။"

ကျီဖန်ယင်းက ဆင်ခြေပေးရန် စဉ်းစားလိုက်သည်။

သူမအရင်တစ်ခေါက်ကလို 'နားရက်' ဟူသော ဆင်ခြေကို မသုံးရသေးခင် စုန့်ရှီးယွီက "ငါမင်းကို နှစ်ဆပေးမယ်။"

သူက တိုးပေးနေတာလား။

ကျီဖန်ယင်းက အချိန်ကို ကြည့်ပြီး “ဒါဆို သုံးနာရီပေါ့” ဟု ပြန်ဖြေသည်။

"သန်းခေါင်ကျော်ရင်ရော"

ကျီဖန်ယင်းက ဒီပြဿနာကို တွေးတောလိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် “၁၂နာရီကနေ ၃နာရီအထိဆို ၅ ဆ၊ ၃နာရီကနေ ၉နာရီထိကကျ ဆယ်ဆပေးရမယ်။” လို့ ပြန်ဖြေလိုက်တယ်။

သူမသည် လုံလောက်စွာ အနားယူရန် လိုအပ်ပြီး အချိန်ပိုအလုပ်လုပ်ရပါက လျော်ကြေးပေးသင့်သည်။ ထိုသို့သော အနားယူချိန်များတွင် သူမဘယ်လိုလုပ် အလုပ်လုပ်ချင်စိတ်ရှိပါ့မလဲ။

သူမ၏ဓားပြတိုက်သော စျေးနှုန်းများကြောင့် စုန့်ရှီးယွီသည် အချိန်ကိုမတိုးခဲ့ပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now