အခန်း၅၈

1.9K 272 6
                                    

ထိုအချိန်မှာပဲ သူမဖုန်းသည် ရုတ်တရက် တုန်ခါသွားတယ်။  ချန်ယွမ်ရှန်းထံမှ မက်ဆေ့ချ်ရောက်လာတာဖြစ်သည်။

သူသည် ဘတ်စကက်ဘောကွင်းဘေးမှာရိုက်ထားသော သူ့ဓာတ်ပုံတစ်ပုံကို ပို့ပေးလာသည်။ သူ့ဆံပင်များသည် ချွေးများနှင့် ရွှဲနေပြီး လက်ထဲတွင်လည်း ရေပုလင်းကို ကိုင်ထားတယ်။ သူ့မျက်နှာပေါ်တွင် သွားဖြူဖြူလေးများပါပေါ်နေသည့် တောက်ပသော အပြုံးတစ်ခုရှိနေပြီး ဆယ်ကျော်သက်အချစ်ဒရာမာ ဇာတ်ကားများထဲမှ ချောမောသော ဒုတိယ ဇာတ်လိုက်များကဲ့သို့ပင်။

ကျီဖတ်ယင်းသည် ဓာတ်ပုံကို ကြည့်လိုက်ရုံဖြင့်ပင် သူမ၏ ငယ်ရွယ်နုပျိုခဲ့သောနှစ်များဆီသို့ ပြန်​ရောက်သွားသလို ခံစားလိုက်ရသည်။

ချန်ယွမ်ရှန်း - 【ဒီ​နေ့ ကျွန်တော်တို့ကျောင်းထဲမှာ ဘတ်စကက်ဘောပြိုင်ပွဲက ဆီမီးဖိုင်နယ်ကို ကျင်းပခဲ့တာ။ အမှတ်ကတော်တော်လေးကပ်ပေမဲ့ နောက်ဆုံး ကျွန်တော်တို့အသင်းပဲ နိုင်ခဲ့တယ်။  >A< 】

ကျီဖန်ယင်းသည် သူပေးပို့လိုက်သော '>A<' အီမိုဂျီကို ကြည့်ပြီး တက္ကသိုလ်ကျောင်းသားတွေချင်းအတူတူပဲကို ဘိုင်ကျိုးဆယ်ယောက်တောင် ချန်ယွမ်ရှန်း တစ်ယောက်လောက် ချစ်စရာမကောင်းဘူးလို့ သူမတွေးနေမိသည်။

သူမမက်​ဆေ့ချ်ကိုမပြန်ရသေးခင်၊ ချန်ယွမ်ရှန်းသည် နောက်ထပ်မက်ဆေ့ချ်တစ်ခုကို ပို့လာပြန်သည် 【ဖိုင်နယ်ပွဲစဉ်က ဒီတနင်္ဂနွေနေ့လုပ်မှာ။ အစ်မ ပြိုင်ပွဲကြည့်ဖို့ အားလား။ ကျွန်တော်တို့အဖွဲ့က အစ်မအတွက် အကောင်းဆုံးနေရာများကို ကြိုပြင်ပေးထားမယ်လေ။】

ထို့နောက်တတိယစာတစ်စောင်ရောက်လာသည်- 【အလုပ်ပြီးသွားရင် စာပြန်ဖို့မမေ့ပါနဲ့ဦးနော် ⊙_⊙】

ကျီဖန်ယင်းသည် လောလောဆယ်တွင် အလုပ်များနေပါသည်။

VIPနား​နေခန်းတွင် လူများစွာ ​သူမကို ဖြတ်သွားနေသော်လည်း ပြောင်လက်နေသော သားရေဖိနပ်တစ်ရံသည် ရုတ်တရက် သူမရှေ့တွင် ရပ်သွားသည်။

ကျီဖန်ယင်းသည် ဖုန်းမှ မျက်လုံးကိုခွာကာ သူမနားသို့ ​ရောက်လာသောသူကို ကြည့်လိက်ရာ တစ်ဖက်လူက သူမမျက်နှာကို အံ့အားသင့်စွာ စိုက်ကြည့်နေတာကို မြင်လိုက်ရသည် ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now