အခန်း၁၃၃

995 152 3
                                    

ကျီရှင်းရှင်းသည် လီ​ရှောက်ရှင်းအား သူမ၏ စောင့်ကြည့်စာရင်းတွင် ထည့်ထားရန် ဆုံးဖြတ်ခဲ့သည်။

သူမ၏လှည့်ကွက်သည် လီ​ရှောက်ရှင်းအပေါ်တွင် အလုပ်ဖြစ်လိမ့်မည်ဟု သူမယုံကြည်​နေခဲ့သည်။ သူမသည် လီ​ရှောက်ရှင်းကို သူမတို့၏အတိတ်က အမှတ်တရနေရာများသို့ပင် ခေါ်ဆောင်သွားခဲ့တာကြောင့် သူသေချာပေါက် ရင်ထဲထိသွားမှာပင်။

လီ​ရှောက်ရှင်း၏ကုမ္ပဏီသို့ ပြန်ရောက်ပြီးနောက် ကျီရှင်းရှင်းသည် မနှောင့်ယှက်ချင်ဘူးဟူသော အကြောင်းပြချက်ကို အသုံးပြုကာ ထွက်ခွာလာခဲ့သည်။

ထိုနေ့မွန်းလွဲပိုင်းတွင် သူမသည် စုန့်ရှီးယွီနှင့်အတူ အနုပညာပြပွဲတစ်ခုသို့ လိုက်သွားခဲ့သည်။

ကျီရှင်းရှင်းက "ငါဒီပန်းချီဆရာကို သဘောကျတယ်ဆိုတာ နင်မှတ်မိမယ်လို့ ထင်တောင်မထားဘူး။ သူက ပြပွဲတစ်ခုလုပ်နေတယ်ဆိုတာ ကြားလို့ ငါလာဖို့ အချိန်ရှာနေတာ။ နင်ဖိတ်လာတာ တကယ်ကို အဆင်ပြေသွားတာပဲ။"

စုန့်ရှီးယွီက သူမကို တံခါးဖွင့်ပေးရင်း "အခု တစ်ပတ်နီးပါး​တောင်ရှိနေပြီ။ မင်းနောက်ကျမှရောက်လာရင် ပြပွဲက ပြီးသွားလောက်ပြီ။ မင်းကိုယ့်ကို ကျေးဇူးတင်သင့်တယ်နော်။"

"ဒီပြပွဲကို အချိန်မမှီလိုက်လဲ နောက်ပြပွဲကိုသွားလို့ရသားပဲ။" ကျီရှင်းရှင်းက ပြခန်းထဲကို လျှောက်ဝင်ရင်း ရယ်မောကာ ပြန်လည်ပြောခဲ့ပါသည်။

သက်တောင့်သက်သာရှိသော လေထုသည် သူမကို စိတ်သက်သာရာရစေသည်။

သူမဟာ ဒီအနုပညာရှင်နဲ့ အတော်လေးရင်းနှီးခဲ့ပြီး သူ့ရဲ့လက်ရာတွေကို အင်တာနက်မှာ မြင်တွေ့ခဲ့ပါသည်။ စုန့်ရှီးယွီ​နဲ့ မချိန်းမီက ဒီပြပွဲအကြောင်းကို သူမ ရှာကြည့်ခဲ့ဖူးပါသည်။

သူတို့နှစ်ယောက်သည် အနုပညာလက်ရာများကို အကဲဖြတ်ကြရင်း ပြခန်းတစ်ဝိုက်တွင် ဖြည်းညှင်းစွာ လမ်းလျှောက်ကြသည်။ အဆုံးတွင် ကျီရှင်းရှင်းက "ငါပြပွဲမှာ သူ့ရဲ့နာမည်ကြီးလက်ရာ 'ပျမ်းမျှ'ကို ပြသမယ်ဆိုတာ တွေ့လိုက်ပေမဲ့ ရှာမတွေ့ဘူးရော်။ ဘာဖြစ်သွားလို့များလဲ။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now