အခန်း၁၄

2.5K 305 1
                                    

ကျီဖန်ယင်းသည် မဆိုင်းမတွဘဲ ထွက်သွားခဲ့ပြီး ဘိုင်ကျိုးက ဒီကိစ္စကို စုံစမ်းမှာကိုလည်း လုံးဝ မစိုးရိမ်ပါဘူး။ ဘိုင်ကျိုးက ဘယ်လိုလူလဲဆိုတာ သူမကောင်းကောင်းသိပါတယ်။ သူ လူတစ်​ယောင်၏အမည်ကိုပင် မှတ်မိပေးတာကပင် ရက်ရော​ကြီးဖြစ်ပေးလိမ့်မည်၊ သူမ၏အကြောင်းကို သိချင်မည်ကို လုံးဝစိတ်ပူစရာမလိုပေ။

ဘိုင်ကျိုးဟာ ချိတ်ဖို့ ကောင်းတဲ့ငါးလည်းဖြစ်မှာပေမဲ့ သူ့ကို ဖမ်းဖို့က နည်းနည်းတော့ အခက်အခဲရှိလိမ့်မယ်။

ကျီဖန်ယင်းသည် စုန့်ရှီးယွီနဲ့ ချိန်းထားသည့် နေရာတွင် အေးအေးဆေးဆေး စောင့်ဆိုင်းနေပြီး မကြာခင် သိုသိပ်သော အနက်ရောင်sedanကားတစ်စီးသည် သူမရှေ့တွင် ရပ်တန့်သွားသည်။ ထို့နောက် သူမအတွက် ရှေ့ခုံတံခါးသည်လည်း အလိုအလျောက်ပွင့်လာသည်။

ကျီဖန်ယင်းသည် ကားမောင်းသူထိုင်ခုံမှာထိုင်နေတဲ့ စုန့်ရှီးယွီကို လက်​တေးတစ်ခွက်ပေးလိုက်ပြီး ပြုံးကာ “မွေးနေ့မှာ ပျော်ရွှင်ပါစေ။ မနက်စာစားပြီးပြီလား၊ ဒီမှာရော့ ငါ့နင့်အတွက်ကော်ဖီဝယ်လာတယ်။"

စုန့်ရှီးယွီက သူမကို လှမ်းကြည့်နေပြီး သူ့စိတ်အခြေအနေကို မထိန်းနိုင်သေးပုံရသည်။  သူသည် ခွက်ကို တိတ်တဆိတ်ယူကာ ထိုင်ခုံကြားရှိ ခွက်ထည့်​သော​နေရာထဲသို့ ထည့်လိုက်သည်။

ကျီဖန်ဖင်းသည် သူမစကတ်ကို ဖိပြီး ကားပေါ်တက်လိုက်သည်။ သူမသည် ခါးပတ်ကို ပတ်ရင်း “နင်ကားအသစ် ဝယ်ထားတာလား။ နင်ဒီကားကို စီးတာကို ဒါပထမဆုံးအ​ကြိမ် မြင်ဖူးတာပဲ။"

စုန့်ရှီးယွီက လီဗာကို နင်းလိုက်ပြီး "အင်း၊ မနေ့က ဝယ်ခဲ့တာ။"

ကျီဖန်ယင်းရဲ့နောက်ကွယ်မှ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်သွားတယ်။

ဒါသည် လျှို့ဝှက်ဒိတ်ဖြစ်သောကြောင့် သူ၏ပုံမှန်ကားများကို မောင်းနှင်ခြင်းသည် သူ့ပုံရိပ်အတွက် မကောင်းပါ။  တစ်ယောက်ယောက်က သူ့ကိုမှတ်မိသွားရင် မကောင်းပါဘူး။

"အာ၊ ငါခုနက ဘိုင်ကျိုးကို တွေ့လိုက်တယ်။  သူ့သူငယ်ချင်းတွေနဲ့ အတူတူလျှောက်လည်နေတာရယ်။” လို့ ကျီဖန်ယင်း၏ မျက်လုံးတွေသည် တောက်ပနေပြီး "စောစောက သူငါ့ကိုတောင် နှုတ်ဆက်သွားသေးတယ်"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူDove le storie prendono vita. Scoprilo ora