အခန်း၃၉

2K 252 2
                                    

ခဏလောက် စဉ်းစားပြီးနောက် ကျီဖန်ယင်းက ဘိုင်ကျိုး ​ကြိုက်သလို လုပ်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တယ်။ သူသည် သူမဖုန်းကို ယူကာ ​​ကြည့်လိုက်သည်။

သိသာစွာပင် ဖုန်းခေါ်ဆိုသူသည် စုန့်ရှီးယွီသာဖြစ်နိုင်သည်။

ဘိုင်ကျိုးအနားမှာ ရှိနေပြီး 'Do Not Distrub' မုဒ်မှာ လုပ်ထားတာကြောင့် သူမဖုန်းကို ခေါ်နိုင်သူက သူတစ်ဦးတည်းသာ ရှိပါတော့တယ်။

ဘိုင်ကျိုးက ဖုန်းကိုမချလိုက်ပေ။ သူသည် ကျီဖန်ယင်းရဲ့ ဖုန်းစခရင်ကို နှစ်စက္ကန့်လောက် စိုက်ကြည့်ပြီးမောက် အံ့သြစရာကောင်းစွာ ကိုင်လိုက်သည်  "စုန့်ရှီးယွီ၊ မင်းဒီဟာကို တကယ်​ကြီး စွဲလမ်းနေတာလား"

တစ်ဖက်က စုန့်ရှီးယွီ ပြောတာကို ကျီဖန်ယင်း မကြားနိုင်ပေမယ့် ဘိုင်ကျိုးရဲ့ မျက်နှာက ချက်ချင်း မည်းမှောင်သွားတယ်။  စက္ကန့်အနည်းငယ်ကြာတော့ သူ တိတ်ဆိတ်စွာ ဖုန်းချလိုက်သည်။

ကျီဖန်ယင်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

ဘိုင်ကျိုးရဲ့ စကားကို ဟိုဘက်က လိုက်လျောညီထွေဖြစ်စွာ ပြန်တုံ့ပြန်လောက်မည့် စကားအမြောက်အမြားရှိပါတယ်။ ရိုးရှင်းသော 'မင်းလည်း အတူတူပဲ မဟုတ်ဘူးလား'တောင် သူ့ကို နှုတ်ပိတ်ဖို့ရန် လုံလောက်ပါသည်။

စုန့်ရှီးယွီ ဘာပြောလိုက်လဲဆိုတာကို သူမ တကယ် သိချင်နေခဲ့ပါတယ်။

သို့သော် သူမစိုးရိမ်ဆုံးအချက်မှာ စုန့်ရှီးယွီသည် နောက်ထပ်ကြိုတင်စာရင်းသွင်းရန် ဖုန်းခေါတာလား ဆိုတာကိုဖြစ်သည်။  ထို့ကြောင့် သူမက ဘိုင်ကျိုးကို ညင်သာစွာ မေးလိုက်သည် "သူဘာပြောလဲ"

ဘိုင်ကျိုးက ဖုန်းကို သူအိတ်ထဲကို ထည့်လိုက်ပြီး "ဘာမှမဟုတ်ဘူး။ အဓိပ္ပါယ်မရှိတဲ့စကားတွေ... မင်းကို ငါ့ကြည့်ခွင့်မပေးဘူး။ စာအုပ်ပဲဖတ်နေ။"

သူသည် ထိုင်ခုံဆီသို့ ပြန်သွားကာ ထိုင်လိုက်သည်။ သူသည် ခဏတာတိတ်ဆိတ်ပြီးနောက် ရုတ်တရက် လှောင်ပြောင်ရယ်မောလိုက်သည် "မင်းက သူ့လိုအမှိုက်ကို တကယ်ကြီး ​ကြိုက်​နေတာလား"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now