အခန်း၁၁၃

1.5K 214 6
                                    

အခန်းတံခါးကို ဖြတ်ဝင်သွားပြီးမှ စန်းရှန်းရန်ပေးပို့သည့်စာကို ဖတ်လိုက်သည်၊ [သတိလာပေးတာပါ၊ ကျွန်တော် မေးခွန်းတွေကို ဖြေပြီးပို့ထားတာ အတော်​တောင်ကြာနေပြီနော်။]

စန်းရှန်းရန်သည် မကြာခဏဆိုသလို အသုံးမဝင်သည်များကို ပြောနေသော်လည်း ပထမဆုံးအကြိမ် စမ်းချိန်းဆိုမှုအတွက် ငွေပေးချေရာတွင်တော့ အတော်ပြတ်သားပါသည်။

ကြိုတင်ချိန်းဆိုမှုအတွက် ယွမ်နှစ်သိန်းသည် ကျီဖန်ယင်း၏ ဘဏ်အကောင့်ထဲသို့ရောက်လာသည်မှာ ရက်အတော်ကြာနေပြီဖြစ်တာကြောင့် ဒါကိစ္စကို ကိုင်တွယ်ရန် အချိန်တန်နေပြီဖြစ်သည်။

သူမက [မနက်ဖြန်အားလား။]

စန်းရှန်းရန်နှင့် တွေ့ဆုံမည့်အချိန်ကို ဆုံးဖြတ်ပြီးနောက် ကျီဖန်ယင်းသည် သူပို့ထားသော မေးခွန်းလွှာကို သူမ၏inboxထဲတွင် ရှာဖွေခဲ့သည်။

ထိုအရာသည် သူ၏ဖောက်သည်များကို စိတ်ကျေနပ်စေရန်အတွက် အလွန်အရေးကြီးပါသည်။

သူမသည် သူ၏အဖြေများကို လျင်မြန်စွာ ရှာဖွေပြီးနောက် အနှိပ်ခုံပေါ်တွင် ထိုင်ကာ အတွေးထဲနစ်ဝင်သွားသည်။

ကျီဖန်ယင်းသည် စိတ္တဇစန်းရှန်းရန်နှင့် ဆက်ဆံရာတွင် အန္တရာယ်ရှိသောလမ်းကြောင်းဖြင့် သွားရန် ရွေးချယ်ခဲ့သည်။ ရှင်းလင်အောင်ပြောရလျှင် 'အပြစ်ကင်းစင်ခြင်း' ဟူသော စကားလုံးဖြင့် ဖြစ်သည်။

ကျီဖန်ယင်းက သူမမျက်နှာကို ထိလိုက်သည်။

အင်း... စန်းရှန်းရန်က ငါးဖမ်းလုပ်ငန်းထဲက အရည်အသွေးအကောင်းဆုံးငါးတွေထဲက တစ်ကောင်ဆိုတော့လည်း ငါဘာလုပ်နိုင်ပါ့မလဲ။

စန်းရှန်းရန်သည် အခုမှ ရုပ်ရှင်လောကထဲမှ သူ့နေရာကိုစတင်တည်ဆောက်နေသော အသစ်လေးဟု စဉ်စားလျှင် အမြော်အမြင်မရှိဖြစ်ပါလိမ့်မည်။

သူသည် နာမည်ကြီးရှေ့နေ မိသားစုမှ ဆင်းသက်ခဲ့ပြီး သူ၏မိသားစုသည် သူ့အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကာ သူတို့၏ လမ်းကြောင်းအတိုင်း လိုက်စေချင်ခဲ့သည်။ သို့သော်လည်း စန်းရှန်းရန်သည် အနုပညာအသိုင်းအဝိုင်းတွင်သာ သူ့ကိုယ်သူ မြှုပ်နှံရန် ခေါင်းမာစွာ ရွေးချယ်ခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now