အခန်း၇၃

1.7K 247 4
                                    

ကားပေါ်ကဆင်းပြီး ဟိုတယ်ထဲဝင်လိုက်တော့ ခန်းမအ၀င်ဝတွင် အံသြစရာကောင်းလောက်အောင် ရင်းနှီးတဲ့မျက်နှာကိုတွေ့လိုက်ရပါသည်။

စုန့်ရှီးယွီသည် အခုလေးတင် လုံခြုံရေးစစ်ဆေးမှုကို ဖြတ်လာခဲ့ကာ သူ့အသုံးအဆောင်များကိုပြန်လည်းတပ်ဆင်နေခဲ့တဖြစ်ပြီး ဘိုင်ကျိုးသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ရင်း အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်လာခဲ့သည်။ သူတို့နှစ်ယောက် မျက်လုံးချင်းဆုံတဲ့အချိန် သူတို့ကြားတွင် သုံးမီတာသာ ကွာဝေးတော့သည်။

"သခင်​လေးစုန့်" အတွင်းရေးမှူးချုပ်က စုန့်ရှီးယွီကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။  "မစ္စတာစုန့်နဲ့ မစ္စစုန့်တို့ နေကောင်းရဲ့လား။"

စုန့်ရှီးယွီက လက်ပတ်နာရီကို လက်ကောက်ဝတ်တွင် ပတ်ရင်း "အဖေနဲ့အမေတို့ နေကောင်းကြပါတယ်။ အန်ကယ်ဘိုင်ကိုလည်း ကျွန်တော် နှုတ်ဆက်တဲ့အကြောင်းပြောပေးပါဦး။"

"မစ္စတာဘိုင်က သခင်လေးကို အမြဲထူးချွန်တယ်ဆိုပြီး ပြောနေကျပါပဲ။" အတွင်းရေးမှုးချုပ်က ပြုံးရင်း "မစ္စတာရဲ့သားကိုလည်း သခင်လေးဆီကနေ သင်ယူစေချင်နေတာပါ။"

ဘိုင်ကျိုးသည် လုံခြုံရေးကိုစစ်ဆေးဖို့အတွက် သူ့လက်ပတ်နာရီကို ချွတ်နေစဉ် သူတို့နှစ်ဦးကြားထဲရှိ စကားဝိုင်းကိုကြားကာ အထင်အမြင်သေးစွာဖြင့် "သူ့ဆီက ဘာသင်ယူစရာရှိလို့လဲ"

အတွင်းရေးမှုးချုပ်သည် ဘိုင်ကျိုး၏စကားများကို မကြားလိုက်သကဲ့သို့ မျက်နှာအမူအရာပြောင်းလဲမှုမရှိဘဲ သတ္တုရှာဖွေစက်ထဲကို ဖြတ်သွားလိုက်သည်။ ထို့နောက် သူက  စုန့်ရှီးယွီကို ခေါင်းညိတ်ပြပြီး "ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိသေးလို့ အရင်သွားနှင့်ပါတော့မယ်။ ခွင့်ပြုပါဦး။"

ထွက်မသွားခင်မှာ သူသိမ်းထားခဲ့သော ဖုန်းကို ဘိုင်ကျိုးဆီကို ဝှေ့ယမ်းဖို့ကိုလည်း မမေ့ခဲ့ပေ။

ဘိုင်ကျိုး : "... မကောင်းတဲ့ကောင်"

ဘိုင်ကျိုးသည် သတ္တုရှာဖွေစက်ကို ဖြတ်သွားပြီးနောက် စုန့်ရှီးယွီကို တစ်ချက်ကြည့်ပြီး ဒေါသထွက်စွာ နှာရှုံ့လိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူDonde viven las historias. Descúbrelo ahora