အခန်း၂၂

2.4K 312 4
                                    

ဧည့်သည်တွေကို full course mealကျွေးတာဖြစ်လို့ အဆာပြေကျွေးပြီးတာနဲ့ တပြိုင်နက် အဓိကဟင်းလျာတွေရောက်လာပါသည်။ ဧည့်သည်အရေအတွက်သည် များသောကြောင့် အနည်းငယ်တော့နှေးပါသည်။
{T/N:full course mealဆိုတာ အဆာပြေ၊ အဓိကဟင်း၊ အချိုပွဲသုံးခါလုံးပါတာကိုပြောတာပါ။ ပုံမှန်ဆို အချိုပွဲတို့ဘာတို့က သပ်သပ်မှာရတယ်လေ၊ ဒီမှာကျတော့ နဂိုကတည်းကအစုံလိုက်ပါတာပါ။}

ကျီဖန်ယင်း အဓိကဟင်းလျာကို ကုန်သွားပြီနောက မကြာခင်မှာ အချိုပွဲ ရောက်လာပါသည်။ အပေါ်တွင် ဗနီလာရေခဲမုန့်တင်ထား​သော ပင်မှည့်အရသာ ချိစ့်ကိတ်တစ်ချပ်ဖြစ်သည်။ သူမ တစ်ကိုက် ကိုက်လိုက်သည်နှင့် သူမ၏လျှာဖျားမှအရသာကြောင့် အရမ်းကို ကျေနပ်အားရသွားလေသည်။

ကျီဖန်ယင်း အဓိကဟင်းလျာကို ကုန်သွားပြီနောက မကြာခင်မှာ အချိုပွဲ ရောက်လာပါသည်။ အပေါ်တွင် ဗနီလာရေခဲမုန့်တင်ထား​သော ပင်မှည့်အရသာ ချိစ့်ကိတ်တစ်ချပ်ဖြစ်သည်။ သူမ တစ်ကိုက် ကိုက်လိုက်သည်နှင့် သူမ၏လျှာဖျားမှအရသာကြောင့် အရမ်းကို ကျေနပ်အားရသွားလေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

{T/N: ပင်မှည့်အရသာ ချိစ့်ကိတ်တဲ့။ တစ်ယောက်တည်း သရေယိုမခံနိုင်လို့ အကျင့်လာပုပ်တာ။}

အရသာရှိချက်ပဲ။ ငါ နောက်အားတဲ့နေ့ကျ ဒီကိုလာရမယ်။

ကျီဖန်ယင်း နောက်တစ်လုပ် စားတော့မည့်အချိန် သူမ၏ ညာဖက်မှ လူသည် ထိပင် မထိရသေးသော သူ၏ ကိတ်မုန့်ချပ်ကို သူမဘက်သို့ တွန်းပို့လာသည်။ သူမ လှည့်ကြည့်လိုက်တော့ ထလျှောက်လုံး စကားတစ်ခွန်းပင် မပြောခဲ့သော အမျိုးသားက "မင်းအတွက်" ဟုဆိုသည်။

ကျီဖန်ယင်းသည် အပြုံးဖြင့် လက်ခံကာ "ကျေးဇူးတင်ပါတယ်။"

ကျိုးချီသည် ထိုဥပမာမှ လျင်မြန်စွာ သင်ယူခဲ့သည်။ "မင်းကိတ်မုန့်တွေကို ကြိုက်တာတာလား။ ကျွန်တော် ချိုတာတွေကို သိပ်မကြိုက..."

"ရပါတယ်၊ ကျေးဇူးပါ။ ကျွန်မ နောက်တစ်ခု ထပ်မစားနိုင်လောက်တော့ဘူး။"ကျီဖန်ယင်းက သူ့ရဲ့ စေတနာကို ငြင်းလိုက်ပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now