အခန်း၁၀၁

1.7K 247 6
                                    

ဘိုင်ကျိုးက 'မလိုတော့ဘူး' ဟုပြောလိုက်တာ ကံကောင်းပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာပဲ သူတို့ဟာ မြင့်မားတဲ့ ရှုခင်းကြည့်​သည့် ပလက်​ဖောင်းတစ်ခုဆီသို့ ရောက်သွားခဲ့သည်။

ပလက်ဖောင်းကို ပင်လယ်ပြင်အနီးတွင် ဆောက်လုပ်ထားတာကြောင့် ပင်လယ်ပြင်၏ကျယ်ပြောလှသော အံ့​သြဖွယ်ရှုခင်းကို မြင်နိုင်ခဲ့သည်။

ကျီဖန်ယင်းသည် လက်ရှိအချိန်ကို ကြည့်ကာ ဘိုင်ကျိုး သူမကို ဘာကြောင့် ဒီနေရာကိုခေါ်လာတာလဲ ဆိုတာ အဖြေရှာဖို့ မခက်ပေမယ့် "ဒီနေရာက ဘာလဲ" လို့တော့ မေးလိုက်ပါသည်။

"နေ့သစ်တစ်ခုရဲ့အစကို ကြည့်လို့ရမယ့်နေရာ။" ဘိုင်ကျိုးက စက်ဘီးကို ဘေးတွင် ရပ်လိုက်ပြီး "ကျွန်တော် ဆန်တိုရီနီကိုလာတိုင်း ပန်းချီဆွဲဖို့ ဒီကို အမြဲရောက်တယ်။ နေထွက်တာကို ကြည့်လို့ရတဲ့ နေရာတွေ အများကြီးရှိတယ်ဆိုပေမယ့် ဆန်တိုရီနီက နေထွက်ချိန်က ကျွန်တော်မြင်ဖူးသမျှတွေထဲက စိတ်ကူးယဉ်အဆန်ဆုံးပဲ။"

"အဲ့တော့ မင်းအရမ်းသဘောကျတဲ့နေထွက်ချိန်ကို မမကို ပြချင်လို့ အရမ်းတက်ကြွနေခဲ့တာလား။" ကျီဖန်ယင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးသည်။

ဘိုင်ကျိုးက သူမကို ခဏလောက်ကြည့်ရင်း မျက်လုံးများသည် မဝံ့မရဲပုံစံဖြင့် "...အင်း၊ မမလည်း သဘောကျရင်ကောင်းမှာပဲ။"

ကျီဖန်ယင်းသည် ပလက်ဖောင်းပေါ်ရှိ ခုံတန်းလျားတစ်ခုတွင် ထိုင်လိုက်ကာ သူမဘေးရှိ လွတ်နေသောနေရာကို ပုတ်ပြပြီး "လာထိုင်လဲ့။"

ဘိုင်ကျိုးက မဝံ့မရဲ လျှောက်လာပြီး သူမဘေးမှာ ဝင်ထိုင်လိုက်တယ်။ သူ၏ ထိုင်ပုံထိုင်နည်းသည် ခါတိုင်းကဲ့သို့ မာနကြီးသည့်အသွင်နှင့် မတူဘဲ ရိုကျိုးနေ၏။

"ဘယ်လိုလုပ် သဘောမကျဘဲနေမှာလ။" ကျီဖန်ယင်းက တိုးတိုးလေးရယ်ပြီး ပြန်ပြောသည်။ "မင်းတန်ဖိုးထားတဲ့အရာကို မမကိုပြခဲ့တာဆိုတော့ မမလည်းမင်းအတိုင်း မြတ်နိုးတာပေါ့။"

ကျီရှင်းရှင်းသာ ဤကဲ့သို့ တူညီသော အခြေအနေတွင်ရှိနေခဲ့မည်ဆိုလျှင် သူမသည်လည်း ဒီကဲ့သို့သော စကားများကို ပြောပါလိမ့်မည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now