အခန်း၁၄၄

1.2K 185 4
                                    

စုန့်ရှီးယွီဟာ ကျီဖန်ယင်း သူ့ကို ငြင်းလိမ့်မယ်လို့ လုံးဝမတွေးခဲ့ပေ။

မဟုတ်ဘူး၊ ပိုအတိအကျပြောရရင် သူက ငြင်းပယ်ခံရနိုင်ခြေကို စဉ်းစားထားခံသော်လည်း ကျီဖန်ယင်းသည် ဒီ​လောက်အသည်းနှလုံးမရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"ခဏလေး" စုန့်ရှီးယွီ မသိစိတ်က မတ်တတ်ထရပ်ပြီး ကျီဖန်ယင်းရဲ့လက်ကို ဆုပ်ကိုင်ရန် ကြိုးစားသော်လည်း ကျီဖန်ယင်းသည် သူ့လက်ကို အမြန်ရှောင်လိုက်သည်။

"နင်ပြောချင်တာကို ပြောပြီးပြီမဟုတ်ဘူးလား။" ကျီဖန်ယင်းသည် မျက်ခုံးပင့်ကာ မေးလိုက်သည်။ သူမ၏မျက်နှာတွင် ဘဝင်မြင့်မှုများရှိနေပြီး ယခင်ကနှင့် လုံးဝမတူသော လေထုကို ပေးစွမ်းနေသည်။

ဒါက သူသိတဲ့ ကျီဖန်ယင်း မဟုတ်ဘူး။

စုန့်ရှီးယွီက သူလက်မလွှတ်နိုင်​သောသူဟာ သူ့ကို သဘောကျခဲ့တဲ့ ကျီဖန်ယင်းလား၊ ဒါမှမဟုတ် သူ့ရှေ့က အည်းနှလုံးမရှိသော ကျီဖန်ယင်းလား ဆိုတာကို မပြောနိုင်ပေ။ ဒါပေမဲ့ ကျီဖန်ယင်းကို အခု ထွက်သွားခွင့် မပြုနိုင်ဘူးဆိုတာတော့ သူသိပါသည်။

သူ့ရင်ဘတ်ထဲမှာ စကားလုံးများစွာရှိနေပေမယ့် ထူးဆန်းတဲ့ အားတစ်ခုခုက သူ့လည်ချောင်းထဲမှ စကားများအားလုံးကို ချုပ်နှောင်ထားခဲ့တာကြောင့် စကားမပြောနိုင်ခဲ့ပေ။ အဆုံးတွင် သူက "ကိုယ်တို့... သူငယ်ချင်းတွေပဲမလား။" ဟုသာ တိုးတိုးလေး ပြောနိုင်ခဲ့သည်။

"ဟင့်အင်း" လို့ ကျီဖန်ယင်းက အံ့သြစွာ ပြန်ဖြေသည် "ငါတို့အရင်တုန်းကလည်း သူငယ်ချင်းမဟုတ်သလို အခုလည်း သူငယ်ချင်းလည်းမဟုတ်ဘူး။ နောင်လဲ သူငယ်ချင်းဖြစ်လာမှာမဟုတ်ဘူး။"

"ဒါဆို ကိုယ်မင်းကြိုက်ခဲ့ဖူးတဲ့လူပဲလား"

"နင်က င(ငါး)...ဖောက်သည်၊ ဖောက်သည်ပဲ။"

စုန့်ရှီးယွီသည် ကျီဖန်ယင်း၏ ရုတ်တရုတ် စကားလုံး ပြောင်းလဲသွားခြင်းကို သိပ်ဂရုမစိုက်ပေ။ အခြေအနေကိုလိုက်ကာ မှန်ကန်တဲ့ စကားလုံးများကိုရွေးထုတ်ရန် သူ့ဦးနှောက်ကို အလုပ်​ပေးလိုက်သည်။ "အရင်တုန်းက ကိုယ်မင်းအပေါ် လွန်ခဲ့မိတာတွေကို သိပါတယ်၊ ဒါပေမယ့် အခုချိန်ကစပြီး..."

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now