အခန်း၄၀

2.1K 265 7
                                    

ဘိုင်ကျိုးသည် အေးချမ်းစွာအိပ်ရာမှ နိုးလာခဲ့သည်။

မျက်လုံးကိုဖွင့်ပြီး သူပထမဆုံးမြင်လိုက်ရတာက သူကြိုက်တဲ့လူ​ဖြစ်တာကြောင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ​ပေါ်လာတယ်။ အခုမှအိပ်ရာက နိုးလာတာဖြစ်လို့ နှာသံသေးသေးလေးဖြင့် "မမ" လို့ ခေါ်လိုက်သည်။

"အပျင်းကြီးတဲ့ကောင်လေး"  တစ်ဖက်လူက သူ့နဖူးကို ပုတ်လိုက်တယ်။  "နေ့လည်စာစားချိန်ကကျော်သွားပြီ။ အိပ်ရာမထသေးရင် ဗိုက်က နာလာလိမ့်မယ်နော်။"

ဘိုင်ကျိုးက တိုးတိုးလေး ​ရေရွတ်ကာ "ကျွန်တော် … မမ ကိုယ်တိုင်ချက်ထားတာကို စားချင်တယ်။ မမ ပြင်သစ်မှာ စာသွားသင်မယ်လို့...ပြောခဲ့တယ်"

သူ့စကားများသည် တဖြည်းဖြည်း နှေးကွေးလာပြီး နောက်ဆုံး စကားလုံးရောက်သည့်အခါ အော်မိသွားသည်။ သူသည် မိုးကြိုးပစ်ခံရသကဲ့သို့ ချက်ချင်းထထိုင်လိုက်တယ်။

ချီး၊ သေချာပေါက် ကျီရှင်းရှင်းက ပြင်သစ်မှာ​လေ။ ဒါဆို ငါ့နားကလူက အတုပေါ့။

ဘိုင်ကျိုးသည် ကျီဖန်ယင်းအား ဒေါသနှင့် ထိတ်လန့်မှုများ ရော​ထွေးနေသောအကြည့်ဖြင့် စိုက်ကြည့်နေသော်လည်း ကျီဖန်ယင်းသည် အပြုံးမပျက် "မင်းကောင်းကောင်းနိုးလာပြီလား"

သူဆဲလိုက်ချင်ပေမယ့် နောက်အခိုက်အတန့်မှာတော့ သူ သူမအင်္ကျီကို ကိုင်ထားတာကို သိလိုက်ရသည်။ မရေမတွက်နိုင်သော ဆဲဆိုစကားများသည် သူ့စိတ်ထဲတွင် ပျံ့နှံ့သွား​ပြီး ချက်ချင်းပင် ဖယ်လိုက်သည်။

"နေ့လည်စာကို deliမှာလိုက်မယ်။" သူသည် ဖုန်းကို ဒေါသဖြစ်စွာ ထုတ်ပြီး ပို့ဆောင်ရေးအက်ပ်ကို ဖွင့်လိုက်သည်။  "ကြက်ကြော်စားကြမယ်"

ကျီဖန်ယင်း သက်ပြင်းချလိုက်သည်။ "မင်းက ငယ်သေးတယ်။ ဒီလိုကျန်းမာရေးနဲ့မညီညွှတ်တာတွေကို တစ်ချိန်လုံးမစား​နေသင့်ဘူး။"

"ခင်ဗျားကိစ္စမဟုတ်ဘူး။" ဘိုင်ကျိုးက အော်လိုက်တယ်။ သူသည် အခုချိန်တွင် ပေါက်ကွဲခါနီး မီးတောင်နှင့်တူ​နေသည်။  "မင်က မမနဲ့ နည်းနည်း​လေးမှ​တောင်မတူဘူး။  ဟင်းတောင်ချက်တတ်ရဲ့လား။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now