အခန်း၁၁၁

1.4K 177 1
                                    

နောက်တစ်နေ့တွင် ကျီရှင်းရှင်းသည် ကျီဖန်ယင်းကို ဖုန်းခေါ်လာသည်။

"အစ်မ ဟက်ပီဘက်ဒေး!" ကျီရှင်းရှင်းက မခို့တရို့ ပြောသည် "ညီမအရမ်းအလုပ်ရှုပ်နေလို့ အခုမှ မမကိုဖုန်းဆက်နိုင်တော့တယ်။ တောင်းပန်ပါတယ်နော်။ အစ်မ အခုတလော ဘယ်လိုလဲ။ ဒီနေ့ ဖေဖေ မေမေတို့နဲ့ မွေးနေ့ပွဲလုပ်မှာလား။"

ကျီဖန်ယင်းသည် လောလောဆယ်တွင် မနက်စာချက်ရင်း အလုပ်ရှုပ်နေပါသည်။ သူမသည် ပြတင်းပေါက်နားဆွင် ပျင်းရိစွာ ရပ်နေပြီး "ညီမလေးလည်း ဟက်ပီးဘက်ဒေးနော်" ဟု ပြန်ဖြေသည်။

ကျီရှင်းရှင်း၏မေးခွန်းများကိုဖြေရန် သူမ စိတ်မ၀င်စားပေ။

သို့သော် ကျီရှင်းရှင်းသည် သူမ၏ပြန်မဖြေမှုကို သိပ်စိတ်ထဲမထားပေ။ သူမကို ရွှင်လန်းစွာ ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး "အရင်တုန်းက ညီမတို့ မွေးနေ့ဆို အမြဲတမ်း လက်ဆောင်တွေ အချင်းချင်းပေးခဲ့ကြတယ်လေ။ မမအတွက် လက်ဆောင်ကို ညီမ အိမ်ကိုပို့ထားတယ်၊ မမ အချိန်ရှိရန် သွားယူလိုက်ဦးနော်။"

ကျီဖန်ယင်း : "..."

သူမသည် ​စတီးယောင်းမကို ကိုင်ထားရင်း လေးလေးနက်နက် တွေးတောလိုက်ရာ ထိုကဲ့သို့သော အစဉ်အလာ ရှိခဲ့သည်ကို မှတ်မိလိုက်သည်။

ကျီဖန်ယင်း၏လက်ဆောင်သည် ကျီဖန်ယင်း မွေးနေ့တိုင်းတွင် ရရှိခဲ့သည့် တစ်ခုတည်းသောလက်ဆောင်ဖြစ်သည်။

"မမ​ရော ညီမအတွက် ဘာလက်ဆောင်ပို့ထားတာလဲ။ ညီမဆီ အထုပ်တွေ အရမ်းအများကြီး ရောက်လာတယ်။ ဖောက်နေတာ နာရီတွေတောင်ချီနေပြီကို မကုန်နိုင်ဘူးလေ။" ဟု ကျီဖန်ယင်းကပြောသည် "မမ ဒီနှစ် ညီမကို ဘာလက်ဆောင်ပေးမလဲဆိုတာ ညီမ အရမ်းကို သိချင်နေပြီ။"

"မမ ဘာမှမပြင်ထားဘူး" ကျီဖန်ယင်းက နှလုံးသားမဲ့စွာ ပြန်ဖြေသည် "ညီမ​လေးက အခု နိုင်ငံခြားမှာဆိုတော့ ပြန်ရောက်တာနဲ့ တစ်ခုပြင်ပေးထားမယ်။"

"အာ... အဲ့လိုလား။" ကျီဖန်ယင်းသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ "ညီမ မျှော်နေမယ်နော်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now